အမှတ်တမဲ့မှသည်…..

အမှတ်တမဲ့မှသည်…..

မနေ့ကသမီးလေးနဲ့ လမ်းဆင်းလျှောက်တော့ သမီးလေးက ရုတ်တရက် ကောင်းကင်ကိုလမ်းညှိုးထိုးပြီး “မေမေ့သဲသဲစို့တော့မယ်” လို့ပြောလေရဲ့။ အစကတော့ ကျွန်မနားမလည်လိုက်ဘူး။ ပြီးမှ ခုနလေးက ပျံသွားတဲ့ငှက်အုပ်ကိုတွေ့မှ ပြုံးမိတော့တယ်။ မီးလေးညနေစာစားတဲ့အချိန်တိုင်းက ငှက်တွေအိမ်ပြန်ကြတဲ့အချိန်မို့ ဝရံတာထွက်ကြည့်ရင် အုပ်လိုက်ပျံသန်းနေကြတာ တွေ့ရလေ့ရှိတယ်။ သမီးလေးကိုထမင်းကျွေးရင်း ငှက်ကလေးတွေလည်း သူ့မေမေဆီပြန်ပြီး သဲသဲပြန်စို့ကြပြီတွေ့လား။ သမီးလေးလည်း မန်မန်စားနော်။ သူတို့တောင် သဲသဲပြန်စို့ပြီလို့ သူမလေး ၁ နှစ်မပြည့်ခင်ကတည်းကပြောနေကျစကားကို သူမလေးမှတ်ထားတာပေကိုး။ …