The Starting Point Posted by By May Jue November 16, 2025 As my daughter grows older, the more I realize that to be able to love your child unconditionally, you first needed to have been loved unconditionally in your own childhood.…
စမှတ် Posted by By May Jue November 16, 2025 ကိုယ့်ကလေးကိုယ် အကြွင်းမဲ့ချစ်နိုင်ဖို့ဆိုတာ ကိုယ်တိုင်က ကလေးဘ၀မှာ အရင်အချစ်ခံခဲ့ဖို့လိုပါလားဆိုတာ မီးငယ်ကြီးလာလေ ကိုယ်ပိုသဘောပေါက်လာလေပါပဲ။ ကလေးရယ် အမေရယ် နူးနူးညံ့ညံ့အချစ်မျိုး ….. ရုပ်ရှင်တွေကြည့်ရုံ စာတွေဖတ်ရုံ သူများပြောတာနားထောင်ရုံနဲ့ လိုက်လုပ်နိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူလှပါဘူး။ ကျွန်မတို့ဘ၀မှာ မိဘတွေကို တစ်ခါပဲ တစ်ကြိမ်ပဲ တစ်ဦးထဲကိုပဲရခွင့်ရှိတယ်။ ကျွန်မတို့မိဘတွေရဲ့ ကျွန်မတို့အပေါ်မှာ တစ်ဘ၀လုံးဆက်ဆံပုံတွေက ကျွန်မတို့မသိစိတ်ကနေ ရင်းနှီးပြီးဖြစ်နေတယ်။ ကျွန်မတို့ ဆက်ဆံခံရတာတွေက မထူးဆန်းတဲ့ ကြုံဖူးနေကြဆက်ဆံရေးတွေဖြစ်လာပြီး…
Team Work Posted by By May Jue October 18, 2025 ဒီအတွေးလေးက တစ်နေ့က ကလေးတို့အဖေကို ပြောမိတဲ့စကားကနေ စပ်ဆက်မိရင်း စာလေးချရေးဖြစ်တာပါ။ သူနဲ့ကိုယ်ဟာ အပြန်အလှန်မှီခိုနေရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်မတူတဲ့အတွက် တစ်ယောက်ကိုတစ်ယောက်ဖြည့်ရပါတယ်။ နှစ်ယောက်ပေါင်းမှ အရာရာဟာ အဆင်ပြေချောမွေ့တာပါ။ ဒီလိုတွေးမိတော့ လူတွေပြောနေကျ နင့်ယောကျာ်းက ငွေရှာကောင်းလိုက်တာ နင့်မိန်းမကထက်တာကိုး ငွေရှာတော်တယ်ဆိုတဲ့စကားတွေက ရာနှုန်းပြည့်မှန်မနေပါလား သွားတွေးမိပါတယ်။ ကျွန်မက full time အလုပ်ဝင်ရသူပါ။ လုပ်ငန်းခွင်မှာ ပြောင်မြောက်စွာ စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ…
သားကလေး Posted by By May Jue November 21, 2024 သမီးလေး ၆နှစ်ခွဲမှာ ဒုတိယကိုယ်ဝန်ရခဲ့တော့ ကျွန်မသိပ်စိတ်ညစ်ခဲ့တာ။ ကျွန်မငိုပါ ငိုခဲ့ရတယ်။ ဘဝမှာ သမီးကိုပဲ တစ်ဘဝလုံးပုံပြီး ချစ်မယ် သမီးနဲ့ပဲလုပ်ချင်တာတွေအများကြီး မလုပ်ရသေးခင်မှာပဲ ကိုယ်ဝန်ထပ်ရှိခဲ့တယ်ဆိုပြီး ကျွန်မစိတ်ဓာတ်တွေတောင် ကျသွားမိသေးတယ်။ ပြန်တွေးကြည့်ရင် အဲ့အချိန်တုန်းက သမီးကလည် အမှီအခိုကင်းတဲ့အရွယ်ဖြစ်တဲ့အတွက် ကလေးအမေဘဝကနေ လွတ်ကာစလို့ပြောလို့ရတာပေါ့။ လှလှပပ ကြွကြွရွရွလေး ပြန်နေလို့ရတယ်။ ကိုရီးယားကားတွေလည်း အများကြီး အကြိုက်ကြည့်လို့ရတယ်။ စားချင်တာစား အပြင်တွေလည်း လျှောက်သွားလို့ရတယ်လေ။…
ကလေးအမေပါ ဒါပေမယ့်… Posted by By May Jue October 29, 2024 သားကလေးကိုမမွေးခင်က အရာရာဘာလိုလို အိမ်ကသူတွေ သူငယ်ချင်းတွေကို ကြုံရင်ဝယ်ပေးပါ အမှာပါးတယ်။ ဒါမှမဟုတ် ကလေးအဖေကိုပဲ ဟိုဟာသွားဝယ်ပေး ဒီဟာသွားဝယ်ပေးလုပ်တယ်။ သမီးလေးက ၆နှစ်ကျော်လာတော့ ကိုယ်အေးအေးဆေးဆေးနေလာနိုင်ပြီလေ။ ဒီတော့ ကိုယ့်ဘာသာ နားနားနေနေ အေးဆေးနေရတာကိုပိုကြိုက်လာတယ်။ ဒါပေမယ့် သားကလေးကိုမွေးပြီးတော့ ကိုယ့်ရဲ့အချိန်အတော်များများဟာ သားကလေးကိုနို့တိုက် ရှူးပေါက်အီးပါလဲ ချော့သိပ် ကိုယ်ပါလိုက်အိပ်ထဲ တဝဲလည်လည်ဖြစ်နေတော့တယ်။ တစ်ခုခုလိုလို့ အိမ်နားက Mall မှာသွားဝယ်ချင်ရင်တောင် နင်နားပါဆိုပြီး…