About this blog

About this blog
  • 2016ကတည်းက စာတွေ စရေးပါတယ်။ မိခင်ဘဝမှာ ကြုံရတဲ့ challenges တွေ မိခင်တွေရဲ့ အခက်အခဲတွေကို နားလည်ဝေမျှနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်မိပါတယ်။
  • ကလေးလေးတွေရဲ့ သဘာဝကိုနားလည်အောင် ဆိုးတဲ့ကလေးဆိုတာမရှိပဲ ကျွန်မတို့ကနားမလည်နိုင်သေးတာပဲရှိတယ်ဆိုတာကိုလည်း ကောင်းမွန်စွာရှင်းပြနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။
  • မှန်ကန်တဲ့ source တွေ အထောက်အထားတွေကို မှီငြမ်းပြီးမှ မေမေတွေကိုမျှဝေပေးသူ ဖြစ်ချင်ပါတယ်။
  • ဝေမျှပေးတဲ့စာတစ်လုံးစီကအစ အဆိပ်အတောက်ကင်း​စေဖို့ကို အမြဲကြိုးစားပါတယ်။

ကျွန်မ ဒါတွေကြောင့် စာတွေရေးဖြစ်နေတာပါ။

ကျွန်မဟာ မိခင်တွေထဲကမိခင်တစ်ယောက်ပါ။ ဒါကြောင့် အားလုံးနဲ့တူညီစွာသော အခက်အခဲတွေရှိပါတယ်။ မတူညီတာတစ်ခုကတော့ ကြုံလာတဲ့အခက်အခဲတွေကို ကျွန်မဘယ်လိုခံယူတယ် ဘယ်လိုကျော်ဖြတ်တယ်ဆိုတာပါပဲ။ ကျွန်မခံယူချက်တွေကို ကျွန်မရေးတဲ့စာတွေကဖော်ပြတယ်။ ကျွန်မကလေးလေးဟာ သာမန်ကလေးတစ်ယောက်မို့ မေမေတို့ကြုံတွေ့နေရတဲ့ ကလေးတွေအားလုံးရဲ့ဂျီကျမှုမျိုးကို ကြုံရတာပါပဲ။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ကလေးနေရာကနေ တွေးပေးရမယ် သူ့နေရာကနေဝင်ခံစားပေးရမယ်လို့ သတိချပ်မိတဲ့အခါ ကလေးတွေဟာ သိပ်ကိုအပြစ်ကင်းစင်လွန်းတာလေးတွေ ကျွန်မစာတွေဖွဲ့မိတယ်။

စာတစ်ပုဒ်ရေးဖို့ ကျွန်မထင်မြင်ယူဆချက်တစ်ခုကိုရေးဖို့ဆို ပြည်တွင်းပြည်ပကစာတွေအများကြီးအရင်ဖတ်ပြီးမှ စာရေးဖြစ်တာဟာ စာတွေရေးတတ်တိုင်း မလုံလောက်တဲ့ info တွေ မခိုင်မာတဲ့ယူဆချက်တွေကို မဖော်ပြချင်လို့ဆိုတဲ့ လိပ်ပြာသန့်သော စာလေးတွေဖြစ်စေဖို့အတွက်။

တစ်ချို့အကြောင်းအရာတွေဟာ ကိုယ့်အတွက်မှန်ပေမဲ့ အဆိပ်ဖြစ်စေနိုင်တယ် သူများခံစားချက်ကိုထိပါးရမယ်ဆို ဘယ်လောက်မှန်တဲ့အရာဖြစ်ပါစေ လုံးဝမရေးတာလည်း ကျွန်မစာတွေဖတ်သူတွေအပေါ်ထားတဲ့ ကျွန်မရဲ့ခံယူချက်ပါပဲ။

စာတွေအများကြီးရေးခဲ့ပြီးပြီ။

စာတွေအများကြီးဆက်ရေးဦးမယ်။

ဘဝတူတွေနဲ့အတူ ကြုံလာတဲ့အခက်အခဲတွေကို ဆက်ပြီးရင်ဆိုင်နိုင်စေဖို့ အတူတူကျော်ဖြတ်ရင်း ကျွန်မတို့အားလုံးအတူတကွရှိပါတယ် နင်တစ်ယောက်တည်းမဟုတ်ပါဘူးဆိုတာ ဆက်လက်သက်သေထူချင်ပါ​သေးတယ်။

စာတွေဆက်ရေးဖြစ်ဖို့ စာဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်း အားပေးကူညီကြတဲ့အယောက်စီတိုင်းကို ဂျူးက အမြဲကျေးဇူးတင်လျှက်ပါ။

မေဂျူး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *