အသဲကွဲလို့ရေးတဲ့စာ
မနေ့ညကသမီးငယ်ကမေးတယ်။ မေမေ မီးမီးကိုမဆူဘူးလား တဲ့။ ဟင် ဘာလို့ဆူရမှာလဲကလေးရယ် မီးမီးက ဒီလောက်လိမ္မာတာလို့။ ဒါပေမဲ့ သမီးလေးဘာလို့ဒီလိုမေးတယ်ဆိုတာ ကိုယ်ရင်ထဲကနေသိနေတယ်။ ကိုယ် ကျဉ်ခနဲနာကျင်ရတယ်။ ကိုယ့်အသဲဟာ ကွဲရှသွားတယ်။ တောင်းပန်ပါတယ်ကလေးရယ်။ စိတ်ရှုပ်မှုတွေကြားထဲကနေ တအားစိတ်ညစ်တဲ့အခါ လွတ်ထွက်သွားမိတဲ့စကားတွေဟာ သမီးကိုဆူမိတာတွေဖြစ်ခဲ့လို့။ မေမေ့စိတ်တွေကြည်လင်နေတဲ့အချိန်ဆို တော်ရုံသမီးအပြုအမူတွေကို ထိုင်ရီနေတဲ့မေမေဟာ စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာတော့ သမီးကိုဆူတတ်တဲ့မေမေဖြစ်ခဲ့ပြီ။ အသားမကျပါရစေနဲ့။ ဒီလိုစိတ်တိုရင် ဆူတတ်နေတဲ့အမေတစ်ယောက်အဖြစ်နဲ့ မေမေအသားမကျသွားပါရစေနဲ့။ သမီးကလည်း…




