ကျွန်မတို့ကမ္ဘာလောကကြီးမှာ ချစ်စရာအကောင်းဆုံးအရာတွေကို ပထမဆုံးပေးသိသူတွေ
သူတို့က တီတီတာတာဆိုတယ်
သူတို့က စိတ်ပူပေးတတ်တယ်
သူတို့က ကြင်နာသနားတတ်တယ်
တစ်ပြိုင်တည်းမှာပဲ သူတို့က သူတို့ချစ်တဲ့သူတွေကို အပြည့်အဝစောင့်ရှောက်ပေးချင်ပြန်တယ်
သူတို့က ကူညီတတ်တယ်
သူတို့က တိုးတိုးဖော်လေး
သူတို့က မေမေ့ရဲ့ဒီဇိုင်နာအသေးစားလေး
သူတို့က ဆင်တူလေးတွေလိုက်လိုက်ဝတ်တတ်သေးတယ်
သူတို့က ပျော်စရာတွေကို တူတူရီမောပေးသလို
သူတို့က ငိုနေရင်လည်း မျည်ရည်သုတ်ပေးပြီး ဖက်ထားပေးသေးတယ်
တကယ်တော့ သမီးလေးတွေက မိုးပေါ်ကနေ လိုရာဖန်ဆင်းပေးဖို့ စေလွှတ်လိုက်တဲ့ နတ်သမီးလေးတွေပဲ
သူတို့က မိခင်တွေအတွက် အရာရာကို ဖန်ဆင်းပေးတယ်
သမီးလေးပိုင်ဆိုင်ထားတဲ့သူတွေပဲ ဒီခံစားချက်ကိုနားလည်လိမ့်မယ်
ကိုယ်တွေကဥယျဉ်မှူးဆိုပါစို့
သမီးလေးတွေက မျက်စိတဆုံးကျယ်ပြောတဲ့ ပန်းခင်းကြီးပဲ
မျက်စိရှေ့မှာ သူတို့လေးတွေကို မြင်နေရတာနဲ့ကို အလိုလိုစိတ်ချမ်းသာနေမိတာ
သမီးလေးတွေငေးကြည့်နေရုံနဲ့ကို တစ်လောကလုံးကပါ လှသွားသလိုမျိုး
ကျွန်မမှာ သမီးလေးတစ်ယောက်ရှိတယ်
(သမီးပုံလေးကြည့်ပြီး စိတ်ထဲကခံစားရတာတွေချရေးလိုက်တာ)
မေဂျူး
6.10.20 (Tuesday)
သမီးလေး ၅နှစ် ၃လ ၃ရက်

