စကားနားထောင်တဲ့ကလေးလေးတွေဖြစ်လာစေဖို့

စကားနားထောင်တဲ့ကလေးလေးတွေဖြစ်လာစေဖို့

ကလေးကစကားပြောရင်နားမထောင်ဘူး လူကြီးပြောတာကိုလည်း ဂရုမစိုက်ဘူးဆိုရင် ဒါက လူကြီးကိုမလေးစားတဲ့ လက္ခဏာပဲပေါ့။ ဒါပေမယ့် တကယ့်အမှန်တရားကတော့ ကလေးကစကားနားမထောင်တာဟာ လူကြီးကိုမလေးစားတာမဟုတ်ပဲ သူတို့ရဲ့ ဖွံ့ဖြိုးလာတဲ့ stage တစ်ခုကို သူတို့နည်း သူတို့ဟန်ကျော်ဖြတ်နေရတဲ့ အခြေအနေတစ်ခုကိုရောက်နေတာလည်းဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဥပမာ စကားမပြောတတ်သေးတဲ့ကလေးလေးက သူလိုချင် ဖြစ်ချင်တာမရရင် ဂျီကျပြီး ခဏခဏငိုသလိုပေါ့။ လူကြီးက သူလိုချင်တာကို နားမလည် သူကလည်းမဖော်ပြတတ်တော့ ငိုတော့တာပေါ့။ ကလေးကြီးတွေမှာလည်း…
ကလေးတို့နှစ်သက်စွဲလမ်းကြတဲ့ Lovey လေးတွေအကြောင်း 

ကလေးတို့နှစ်သက်စွဲလမ်းကြတဲ့ Lovey လေးတွေအကြောင်း 

Baby Center မှာ ဝင်ဖတ်ရင်းနဲ့ ဒီ article လေးက စိတ်ဝင်စားစရာကောင်းလို့ မေမေတို့ကိုပါ ဝေမျှရအောင် ဘာသာပြန်ပေးလိုက်ပါတယ်။ ကလေးလေးတွေနဲ့ သူတို့ဘယ်သွားသွားသယ်သွားလေ့ရှိတဲ့ အရုပ် (ဒါမှမဟုတ် တစ်ခြားပစ္စည်းတစ်ခုခု)အကြောင်းပါ။ အဲဒီ့အရာလေးကို “lovey”လို့ခေါ်ပါတယ်။ ကလေးလေးတွေအများစုက အိပ်ယာဝင်တဲ့အခါမှာ ဒါမှမဟုတ် ၄င်းတို့ကိုချော့မြူဖို့ရန်အတွက် စောင်, teddy bear ဒါမှမဟုတ် “lovey”တစ်ခုခုကို သူတို့သိပ်ကိုတွယ်တာလေ့ရှိပါတယ်။ စိတ်ပညာအရ “lovey”…
ပိုပြီးကောင်းမယ့်ကမ္ဘာ

ပိုပြီးကောင်းမယ့်ကမ္ဘာ

ကလေးတွေဆိုတာ ဒီကမ္ဘာလောကကြီးကို ပိုကောင်းအောင်လုပ်ပေးမယ့်လူသားလေးတွေပါ။ ကျွန်မတို့တွေအားလုံးက တစ်နည်းနည်းနဲ့ မှားပြီးနေကြပြီ။ မိုက်ပြီးနေကြပြီ။ စိတ်ညစ် စိတ်ယုတ်တွေရှိဖူးကြပြီ။ ကမ္ဘာကြီးမပြောနဲ့ ကိုယ့်မိသားစု အဝန်းအဝိုင်းလေးအတွက်တောင် ကောင်းအောင်မရှိပေးနိုင်တဲ့သူတွေအများကြီးပဲရှိကြတယ်။ ကမ္ဘာကြီးကို သူတို့တွေကဖျက်ဆီးကြတယ်။ နိုင်ငံကိုဖျက်ဆီးကြတယ်။ အရာအားလုံးကိုရုပ်ဆိုးအကျည်းတန်စေကြတယ်။ ကလေးလေးတွေကတော့ အပြစ်ကင်းစွာနဲ့ ပိုကောင်းတဲ့အနာဂတ်ဖြစ်လာစေဖို့ သူတို့ကပြုပြင်ပေးနိုင်စွမ်းရှိကြတယ်။ ပိုကောင်းတဲ့အလားအလာ ပိုကောင်းတဲ့ကမ္ဘာ ပိုပြီးတိုးတက်တဲ့နိုင်ငံ ပိုပြီးကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းတွေရရှိဖို့ဆိုရင် ဒီကလေးလေးတွေကပဲ ကျွန်မတို့စရလိမ့်မယ်။ ကျွန်မတို့အပေါ်အများကြီးမူတည်နေတယ် ဒါတွေအကုန်လုံးက။ အမှုမှတ်အမှတ်မဲ့နေ့ရက်တွေကုန်နေရင်းကနေ…
မျှတစွာပျိုးထောင်တတ်သူဖြစ်ပါစေ

မျှတစွာပျိုးထောင်တတ်သူဖြစ်ပါစေ

အခုကိုယ်နဲ့အတူတူအလုပ်တွဲလုပ်နေရတဲ့အထက်လူကြီးက ဘယ်တော့မှ ကိုယ့်စားပွဲကိုလာပြီး နင်အခုဘာလုပ်နေတာလဲ နင်ငါခိုင်းတာမလုပ်ဘူးလား ငါပြောတာအရင်လုပ်လို့ ဘယ်တော့မှပြောလေ့မရှိဘူး။ ဘယ်တော့မှ ကိုယ့် Computer desktop ကိုလာမကြည့်ဘူး။သူနဲ့အတူတူအလုပ်တွဲလုပ်တဲ့ကိုယ်ကလည်း ဒါမပြီးသေးလို့ပါ ဒါကဒါကြောင့်မို့လို့စတဲ့ reason တွေနဲ့ဘယ်တော့မှ အကြောင်းပြပြီး အလုပ် ကိုမရွှေ့ဆိုင်း ဆင်ခြေတွေအပုံလိုက်မပေးခဲ့ဖူးဘူး။ ငယ်ငယ်တုန်းက ၁၀တန်းကျောင်းသားဘဝကို သွားသတိရမိတယ်။ အဲ့တုန်းက rain နဲ့ အွန်စောရဲ့ အချစ်စံအိမ်ကားလေးလာနေတယ်။ ဒါပေမဲ့ဘယ်တော့မှမကြည့်ရဘူး။ ၁၀တန်းကျောင်းသားမို့စာလုပ်ရမယ်ဆိုပဲ။…
အမှတ်တမဲ့မှသည်…..

အမှတ်တမဲ့မှသည်…..

မနေ့ကသမီးလေးနဲ့ လမ်းဆင်းလျှောက်တော့ သမီးလေးက ရုတ်တရက် ကောင်းကင်ကိုလမ်းညှိုးထိုးပြီး “မေမေ့သဲသဲစို့တော့မယ်” လို့ပြောလေရဲ့။ အစကတော့ ကျွန်မနားမလည်လိုက်ဘူး။ ပြီးမှ ခုနလေးက ပျံသွားတဲ့ငှက်အုပ်ကိုတွေ့မှ ပြုံးမိတော့တယ်။ မီးလေးညနေစာစားတဲ့အချိန်တိုင်းက ငှက်တွေအိမ်ပြန်ကြတဲ့အချိန်မို့ ဝရံတာထွက်ကြည့်ရင် အုပ်လိုက်ပျံသန်းနေကြတာ တွေ့ရလေ့ရှိတယ်။ သမီးလေးကိုထမင်းကျွေးရင်း ငှက်ကလေးတွေလည်း သူ့မေမေဆီပြန်ပြီး သဲသဲပြန်စို့ကြပြီတွေ့လား။ သမီးလေးလည်း မန်မန်စားနော်။ သူတို့တောင် သဲသဲပြန်စို့ပြီလို့ သူမလေး ၁ နှစ်မပြည့်ခင်ကတည်းကပြောနေကျစကားကို သူမလေးမှတ်ထားတာပေကိုး။ …