စမှတ်

ကိုယ့်ကလေးကိုယ် အကြွင်းမဲ့ချစ်နိုင်ဖို့ဆိုတာ ကိုယ်တိုင်က ကလေးဘ၀မှာ အရင်အချစ်ခံခဲ့ဖို့လိုပါလားဆိုတာ မီးငယ်ကြီးလာလေ ကိုယ်ပိုသဘောပေါက်လာလေပါပဲ။ ကလေးရယ် အမေရယ် နူးနူးညံ့ညံ့အချစ်မျိုး ….. ရုပ်ရှင်တွေကြည့်ရုံ စာတွေဖတ်ရုံ သူများပြောတာနားထောင်ရုံနဲ့ လိုက်လုပ်နိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူလှပါဘူး။ ကျွန်မတို့ဘ၀မှာ မိဘတွေကို တစ်ခါပဲ တစ်ကြိမ်ပဲ တစ်ဦးထဲကိုပဲရခွင့်ရှိတယ်။ ကျွန်မတို့မိဘတွေရဲ့ ကျွန်မတို့အပေါ်မှာ တစ်ဘ၀လုံးဆက်ဆံပုံတွေက ကျွန်မတို့မသိစိတ်ကနေ ရင်းနှီးပြီးဖြစ်နေတယ်။ ကျွန်မတို့ ဆက်ဆံခံရတာတွေက မထူးဆန်းတဲ့ ကြုံဖူးနေကြဆက်ဆံရေးတွေဖြစ်လာပြီး…
သားကလေး

သားကလေး

သမီးလေး ၆နှစ်ခွဲမှာ ဒုတိယကိုယ်ဝန်ရခဲ့တော့ ကျွန်မသိပ်စိတ်ညစ်ခဲ့တာ။ ကျွန်မငိုပါ ငိုခဲ့ရတယ်။ ဘဝမှာ သမီးကိုပဲ တစ်ဘဝလုံးပုံပြီး ချစ်မယ် သမီးနဲ့ပဲလုပ်ချင်တာတွေအများကြီး မလုပ်ရသေးခင်မှာပဲ ကိုယ်ဝန်ထပ်ရှိခဲ့တယ်ဆိုပြီး ကျွန်မစိတ်ဓာတ်တွေတောင် ကျသွားမိသေးတယ်။ ပြန်တွေးကြည့်ရင် အဲ့အချိန်တုန်းက သမီးကလည် အမှီအခိုကင်းတဲ့အရွယ်ဖြစ်တဲ့အတွက် ကလေးအမေဘဝကနေ လွတ်ကာစလို့ပြောလို့ရတာပေါ့။ လှလှပပ ကြွကြွရွရွလေး ပြန်နေလို့ရတယ်။ ကိုရီးယားကားတွေလည်း အများကြီး အကြိုက်ကြည့်လို့ရတယ်။ စားချင်တာစား အပြင်တွေလည်း လျှောက်သွားလို့ရတယ်လေ။…
ကလေးအမေပါ ဒါပေမယ့်…

ကလေးအမေပါ ဒါပေမယ့်…

သားကလေးကိုမမွေးခင်က အရာရာဘာလိုလို အိမ်ကသူတွေ သူငယ်ချင်းတွေကို ကြုံရင်ဝယ်ပေးပါ အမှာပါးတယ်။ ဒါမှမဟုတ် ကလေးအဖေကိုပဲ ဟိုဟာသွားဝယ်ပေး ဒီဟာသွားဝယ်ပေးလုပ်တယ်။ သမီးလေးက ၆နှစ်ကျော်လာတော့ ကိုယ်အေးအေးဆေးဆေးနေလာနိုင်ပြီလေ။ ဒီတော့ ကိုယ့်ဘာသာ နားနားနေနေ အေးဆေးနေရတာကိုပိုကြိုက်လာတယ်။ ဒါပေမယ့် သားကလေးကိုမွေးပြီးတော့ ကိုယ့်ရဲ့အချိန်အတော်များများဟာ သားကလေးကိုနို့တိုက် ရှူးပေါက်အီးပါလဲ ချော့သိပ် ကိုယ်ပါလိုက်အိပ်ထဲ တဝဲလည်လည်ဖြစ်နေတော့တယ်။ တစ်ခုခုလိုလို့ အိမ်နားက Mall မှာသွားဝယ်ချင်ရင်တောင် နင်နားပါဆိုပြီး…
ကလေးနဲ့အမေကြား အဖြေရှာစရာများ

ကလေးနဲ့အမေကြား အဖြေရှာစရာများ

ကျွန်မအရင်က သိပ်တော်တဲ့မေမေတွေကိုအားကျဖူးပါတယ်။ငွေတွေအများကြီးရှာနိုင်တဲ့မေမေကလေးအတွက်ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်တတ်တဲ့မေမေလှပကျော့ရှင်းနေတဲ့မေမေ​အမျိုးသားရဲ့အချစ်ခံ ဖူးဖူးမှုတ်ခံရတဲ့မေမေယဉ်ကျေးတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေအစားကျွေးရမခက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေ​သန့်ရှင်းသပ်ရပ်ချောမောနေတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေပြောရရင်မကုန်နိုင်ဘူး ကျွန်မသဘောကျတဲ့မေမေမျိုးတွေမှ အများကြီးပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သမီးလေးနဲ့အတူ အပေးအယူမျှတစွာ တစ်နှစ်ပြီးတစ်နှစ်ဖြတ်ကျော်လာတိုင်း ကျွန်မသိလာရတာတော့ ပြည့်စုံနေတဲ့မေမေဆိုတာမရှိဘူးဆိုတာပါပဲ။ ကျွန်မတို့မိခင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေမတူကြဘူး။ ဘဝတွေမတူကြဘူး။ မိသားစုပုံစံတွေမတူကြဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်ထဲကနေ ကိုယ့်ကိုကိုယ်ညံ့လိုက်တာလို့ ထုတ်ထုတ်တိုင်းနေတဲ့ပေတံဟာ တကယ်တော့ ဘာနံပါတ်အမှတ်အသားမှမပါတဲ့ တုတ်ချောင်းသပ်သပ်ရယ်သာပါ။  ကျွန်မတို့တကယ်တိုင်းတာရမှာက ဒီနေ့မှာရှိတဲ့ကျွန်မတို့နဲ့ မနက်ဖြန်မှာရှိမယ့်ကျွန်မတို့ပါပဲ။ ငါမှားနေတာတွေဆက်မှားတုန်းလား? ငါပြင်ရမှာတွေမပြင်သေးဘူးလား? ကလေးကိုစိတ်ရှည်ဖို့ငါအော်တာတွေလျှော့နိုင်ပြီလား? ထစ်ခနဲရှိရိုက်တတ်တဲ့ ငါ့အကျင့်ဆိုးကို စပြင်နေပြီလား? မနေ့ကအချိန်မပေးမိလို့ ဒီနေ့ကလေးလေးနဲ့အချိန်တွေအများကြီးရှိဖို့…
တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

ကျွန်မရဲ့တစ်နှစ်ကျော်သားလေးကို လှမ်းကြည့်တိုင်း ကျွန်မရင်ထဲမှာ ပကတိငြိမ်းချမ်းမှုကိုရတယ်။ ဆံပင်ခွေလိပ်လေးရယ် ပါးဖောင်းဖောင်း မေးစေ့ချွန်ချွန်လေးနဲ့ မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ဒီကလေးလေးဟာ သိပ်ဖြူစင်တာပဲ။ တစ်နေ့ကျရင်လည်း အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ ကောင်ချောလေးတစ်ယောက်ဖြစ်လာမှာလဲ အသေအချာပဲလေ။ သားရဲ့ချစ်စရာကောင်းမှု ဖြူစင်မှုလေးတွေကို သားလေးကြီးတဲ့အထိဆက်ရှိနေစေချင်တယ်။ အမေကိုချစ်သလို ညှာတာသလို စိတ်သဘောထားကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ အပေါင်းအသင်းအပေါ်ကိုလည်း ခုလိုပဲ ညှာတာပြီး ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ လူကြီးတွေကိုလည်း အမြဲပြုံးပြနှုတ်ဆက် ယဉ်ကျေးဖော်ရွေတဲ့ကောင်လေးတစ်ယောာက်အဖြစ် ကြီးပြင်းလာစေချင်တယ်။ သားလေးရဲ့ ခုအရွယ်က…