Posted by
By
May Jue
ကျွန်မအရင်က သိပ်တော်တဲ့မေမေတွေကိုအားကျဖူးပါတယ်။ငွေတွေအများကြီးရှာနိုင်တဲ့မေမေကလေးအတွက်ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်တတ်တဲ့မေမေလှပကျော့ရှင်းနေတဲ့မေမေအမျိုးသားရဲ့အချစ်ခံ ဖူးဖူးမှုတ်ခံရတဲ့မေမေယဉ်ကျေးတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေအစားကျွေးရမခက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေသန့်ရှင်းသပ်ရပ်ချောမောနေတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေပြောရရင်မကုန်နိုင်ဘူး ကျွန်မသဘောကျတဲ့မေမေမျိုးတွေမှ အများကြီးပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သမီးလေးနဲ့အတူ အပေးအယူမျှတစွာ တစ်နှစ်ပြီးတစ်နှစ်ဖြတ်ကျော်လာတိုင်း ကျွန်မသိလာရတာတော့ ပြည့်စုံနေတဲ့မေမေဆိုတာမရှိဘူးဆိုတာပါပဲ။ ကျွန်မတို့မိခင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေမတူကြဘူး။ ဘဝတွေမတူကြဘူး။ မိသားစုပုံစံတွေမတူကြဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်ထဲကနေ ကိုယ့်ကိုကိုယ်ညံ့လိုက်တာလို့ ထုတ်ထုတ်တိုင်းနေတဲ့ပေတံဟာ တကယ်တော့ ဘာနံပါတ်အမှတ်အသားမှမပါတဲ့ တုတ်ချောင်းသပ်သပ်ရယ်သာပါ။ ကျွန်မတို့တကယ်တိုင်းတာရမှာက ဒီနေ့မှာရှိတဲ့ကျွန်မတို့နဲ့ မနက်ဖြန်မှာရှိမယ့်ကျွန်မတို့ပါပဲ။ ငါမှားနေတာတွေဆက်မှားတုန်းလား? ငါပြင်ရမှာတွေမပြင်သေးဘူးလား? ကလေးကိုစိတ်ရှည်ဖို့ငါအော်တာတွေလျှော့နိုင်ပြီလား? ထစ်ခနဲရှိရိုက်တတ်တဲ့ ငါ့အကျင့်ဆိုးကို စပြင်နေပြီလား? မနေ့ကအချိန်မပေးမိလို့ ဒီနေ့ကလေးလေးနဲ့အချိန်တွေအများကြီးရှိဖို့…