ခုတစ်လော ကျွန်မခဏခဏတွေးနေမိတယ်။ ပုံမှန်ဆို ကျွန်မက အင်မတန်ရှက်တတ်သောသူလေ။အရာရာကိုရှက်တာ။ သူများက ကိုယ့်ကိုဘယ်လိုမြင်မလဲဆိုတာလည်းတွေးရှက်တယ်။ လူကြားထဲ တစ်ယောက်တည်းမသွားရဲအောင်ထိရှက်တာ။ ခုတလောကျွန်မတွေးနေမိတာကတော့ ဘာကရှက်စရာအကောင်းဆုံးလဲဆိုတာပါပဲ။ အဲ့အတွေးစကနေ အဖြေရပြီးကတည်းက ကျွန်မအရင်ကထက်အရှက်တရားတွေလျော့လာတော့တာပါပဲ။ ကိုယ့်ရဲ့စိတ်ကို ကိုယ်ပြန်ဖတ်မိပြီး ကိုယ့်ရဲ့သူရဲဘောကြောင်မှုတွေ ကိုယ့်ရဲ့ဟန်ဆောင်မှုတွေ ကိုယ့်ရဲ့မျက်နှာဖုံးတွေ ကိုယ့်ရဲ့မနာလိုဝန်တိုမှုတွေ ကိုယ့်ရဲ့သူများအပေါ်မကောင်းမြင်တဲ့စိတ်တွေ အဲဒီ့စိတ်တွေ ခံစားမိတာကသာ ရှက်စရာအကောင်းဆုံးဆိုတာသိလာရတယ်။ လူတော်တော်များများက အဲ့စိတ်တွေရှိတာကိုသိပေမယ့် သူတို့ကိုယ်သူတို့ ဆက်ခွင့်လွှတ်ဖို့ရွေးချယ်ကြတယ်။ လူအများစုက အဲ့စိတ်ကို…