The Starting Point

As my daughter grows older, the more I realize that to be able to love your child unconditionally, you first needed to have been loved unconditionally in your own childhood.…

Team Work

ဒီအတွေးလေးက တစ်နေ့က ကလေးတို့အဖေကို ပြောမိတဲ့စကားကနေ စပ်ဆက်မိရင်း စာလေးချရေးဖြစ်တာပါ။ သူနဲ့ကိုယ်ဟာ အပြန်အလှန်မှီခိုနေရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်မတူတဲ့အတွက် တစ်ယောက်ကိုတစ်ယောက်ဖြည့်ရပါတယ်။ နှစ်ယောက်ပေါင်းမှ အရာရာဟာ အဆင်ပြေချောမွေ့တာပါ။ ဒီလိုတွေးမိတော့ လူတွေပြောနေကျ နင့်ယောကျာ်းက ငွေရှာကောင်းလိုက်တာ နင့်မိန်းမကထက်တာကိုး ငွေရှာတော်တယ်ဆိုတဲ့စကားတွေက ရာနှုန်းပြည့်မှန်မနေပါလား သွားတွေးမိပါတယ်။ ကျွန်မက full time အလုပ်ဝင်ရသူပါ။ လုပ်ငန်းခွင်မှာ ပြောင်မြောက်စွာ စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ…

သောကြာညအတွေးစ

ခုတစ်လော ကျွန်မခဏခဏတွေးနေမိတယ်။ ပုံမှန်ဆို ကျွန်မက အင်မတန်ရှက်တတ်သောသူလေ။အရာရာကိုရှက်တာ။ သူများက ကိုယ့်ကိုဘယ်လိုမြင်မလဲဆိုတာလည်းတွေးရှက်တယ်။ လူကြားထဲ တစ်ယောက်တည်းမသွားရဲအောင်ထိရှက်တာ။ ခုတလောကျွန်မတွေးနေမိတာကတော့ ဘာကရှက်စရာအကောင်းဆုံးလဲဆိုတာပါပဲ။ အဲ့အတွေးစကနေ အဖြေရပြီးကတည်းက ကျွန်မအရင်ကထက်အရှက်တရားတွေလျော့လာတော့တာပါပဲ။ ကိုယ့်ရဲ့စိတ်ကို ကိုယ်ပြန်ဖတ်မိပြီး ကိုယ့်ရဲ့သူရဲဘောကြောင်မှုတွေ ကိုယ့်ရဲ့ဟန်ဆောင်မှုတွေ ကိုယ့်ရဲ့မျက်နှာဖုံးတွေ ကိုယ့်ရဲ့မနာလိုဝန်တိုမှုတွေ ကိုယ့်ရဲ့သူများအပေါ်မကောင်းမြင်တဲ့စိတ်တွေ အဲဒီ့စိတ်တွေ ခံစားမိတာကသာ ရှက်စရာအကောင်းဆုံးဆိုတာသိလာရတယ်။ လူတော်တော်များများက အဲ့စိတ်တွေရှိတာကိုသိပေမယ့် သူတို့ကိုယ်သူတို့ ဆက်ခွင့်လွှတ်ဖို့ရွေးချယ်ကြတယ်။ လူအများစုက အဲ့စိတ်ကို…
Boundary တွေအကြောင်း

Boundary တွေအကြောင်း

ကျွန်မမှာရှိတဲ့အရည်အချင်းတွေထဲမှာ ကျွန်မသဘောအကျဆုံးကတော့ ကျွန်မက စည်းရှိတာပါပဲ။ ကျွန်မကိုယ်ကျွန်မသတ်မှတ်ထားတဲ့ Boundary ထဲကနေ ဘယ်တော့မှ မထွက်ပါဘူး။ boundary/ˈbaʊnd(ə)ri/�a line which marks the limits of an area; a dividing line. Boundary ဆိုတာ သတ်မှတ်ထားတဲ့ဧရိယာ တားထားတဲ့စည်းကိုခေါ်တာပါ။ ခင်လို့ဆိုပြီး ရသမျှအခွင့်အရေးမယူရပါဘူး။ လူတစ်ဖက်သားကို လေးစားခြင်း ကိုယ်ချင်းစာခြင်းတွေနဲ့…
Ethics ဆိုတာ

Ethics ဆိုတာ

Boundary အကြောင်းလေးရေးပေမယ့် လူတွေမဖတ်ပဲကျော်သွားကြမယ့် topic လို့ထင်ခဲ့တာပါ။ ဒါပေမယ့် လူတော်တော်ဝင်ဖတ်ကြလို့ အားရှိသွားပါတယ်။ Boundary လိုပဲ အရေးကြီးတဲ့ သူ့ရဲ့ တွဲဖက် Ethics လေးအကြောင်း ဒီနေ့ဖတ်ကြမလား။ Ethics ဆိုတာ  ရီစရာကောင်းပါတယ်ဒါပေမဲ့ ရီစရာမကောင်းတော့ပြန်ပါဘူး ပျော်စရာကောင်းပါတယ်ဒါပေမဲ့ ပျော်စရာမကောင်းတော့ပြန်ပါဘူး "ဒါပေမဲ့" နောက်က အရာတွေဟာ ethics ရှိသူတွေအတွက်ပါ Ethics ဆိုတာ လူ့ကျင့်ဝတ်ခေါ်ပါတယ်…