Team Work

ဒီအတွေးလေးက တစ်နေ့က ကလေးတို့အဖေကို ပြောမိတဲ့စကားကနေ စပ်ဆက်မိရင်း စာလေးချရေးဖြစ်တာပါ။ သူနဲ့ကိုယ်ဟာ အပြန်အလှန်မှီခိုနေရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်မတူတဲ့အတွက် တစ်ယောက်ကိုတစ်ယောက်ဖြည့်ရပါတယ်။ နှစ်ယောက်ပေါင်းမှ အရာရာဟာ အဆင်ပြေချောမွေ့တာပါ။ ဒီလိုတွေးမိတော့ လူတွေပြောနေကျ နင့်ယောကျာ်းက ငွေရှာကောင်းလိုက်တာ နင့်မိန်းမကထက်တာကိုး ငွေရှာတော်တယ်ဆိုတဲ့စကားတွေက ရာနှုန်းပြည့်မှန်မနေပါလား သွားတွေးမိပါတယ်။ ကျွန်မက full time အလုပ်ဝင်ရသူပါ။ လုပ်ငန်းခွင်မှာ ပြောင်မြောက်စွာ စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ…