တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့
ကျွန်မရဲ့တစ်နှစ်ကျော်သားလေးကို လှမ်းကြည့်တိုင်း ကျွန်မရင်ထဲမှာ ပကတိငြိမ်းချမ်းမှုကိုရတယ်။ ဆံပင်ခွေလိပ်လေးရယ် ပါးဖောင်းဖောင်း မေးစေ့ချွန်ချွန်လေးနဲ့ မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ဒီကလေးလေးဟာ သိပ်ဖြူစင်တာပဲ။ တစ်နေ့ကျရင်လည်း အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ ကောင်ချောလေးတစ်ယောက်ဖြစ်လာမှာလဲ အသေအချာပဲလေ။ သားရဲ့ချစ်စရာကောင်းမှု ဖြူစင်မှုလေးတွေကို သားလေးကြီးတဲ့အထိဆက်ရှိနေစေချင်တယ်။ အမေကိုချစ်သလို ညှာတာသလို စိတ်သဘောထားကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ အပေါင်းအသင်းအပေါ်ကိုလည်း ခုလိုပဲ ညှာတာပြီး ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ လူကြီးတွေကိုလည်း အမြဲပြုံးပြနှုတ်ဆက် ယဉ်ကျေးဖော်ရွေတဲ့ကောင်လေးတစ်ယောာက်အဖြစ် ကြီးပြင်းလာစေချင်တယ်။ သားလေးရဲ့ ခုအရွယ်က…

