တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

ကျွန်မရဲ့တစ်နှစ်ကျော်သားလေးကို လှမ်းကြည့်တိုင်း ကျွန်မရင်ထဲမှာ ပကတိငြိမ်းချမ်းမှုကိုရတယ်။ ဆံပင်ခွေလိပ်လေးရယ် ပါးဖောင်းဖောင်း မေးစေ့ချွန်ချွန်လေးနဲ့ မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ဒီကလေးလေးဟာ သိပ်ဖြူစင်တာပဲ။ တစ်နေ့ကျရင်လည်း အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ ကောင်ချောလေးတစ်ယောက်ဖြစ်လာမှာလဲ အသေအချာပဲလေ။ သားရဲ့ချစ်စရာကောင်းမှု ဖြူစင်မှုလေးတွေကို သားလေးကြီးတဲ့အထိဆက်ရှိနေစေချင်တယ်။ အမေကိုချစ်သလို ညှာတာသလို စိတ်သဘောထားကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ အပေါင်းအသင်းအပေါ်ကိုလည်း ခုလိုပဲ ညှာတာပြီး ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ လူကြီးတွေကိုလည်း အမြဲပြုံးပြနှုတ်ဆက် ယဉ်ကျေးဖော်ရွေတဲ့ကောင်လေးတစ်ယောာက်အဖြစ် ကြီးပြင်းလာစေချင်တယ်။ သားလေးရဲ့ ခုအရွယ်က…
မိသားစုရဲ့အနှစ်သာရ

မိသားစုရဲ့အနှစ်သာရ

ကလေးနှစ်ယောက်ရဲ့မိခင်ဘဝ ပြီးတော့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ဘဝကို မလိုချင်တော့တဲ့အချိန်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ ငါဆက်မလုပ်နိုင်တော့ဘူး တအားပင်ပန်းနေပြီ ငါပိုပြီးတော့ကောင်းအောင်မလုပ်နိုင်တော့ဘူးဆိုရင် လွှတ်ချလိုက်တော့မယ်လို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပါတယ်။ ဒီစာကိုတော့ အိပ်ပျော်နေတဲ့ သားအဖ ၃ ယောက်ကိုထိုင်ကြည့်ပြီးရေးလိုက်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတဲ့ သားလေးရယ် သမီးလေးရယ် ယောကျာ်းရယ်ကိုကြည့်ပြီး စိတ်ထဲမှာ တင်္ဒဂအေးချမ်းရပါတယ်။ ဆိုးအတူကောင်းအတူ ကျော်ဖြတ်ပေးနေတဲ့ ရဲဖော်ရဲဖက်တွေ ဒီတစ်နေ့စာပျော်ရွှင်စွာကုန်ဆုံးပေးပြီး အိပ်မောကျနေကြပြီပေါ့။ တာဝန်ကျေပါတယ်လို့ စိတ်ထဲကနေ ရေရွတ်ရင်းပြုံးမိတယ်။ တအားတွေအလိုက်သိပြီးတော်နေတဲ့ကလေးတွေလည်းမမျှော်လင့်ခဲ့ပါဘူး။…