ယေဘူယျအားဖြင့် ကျွန်မတို့ဟာ အမျိုးမျိုးသောအကြောင်းတရားများကြောင့် မလုပ်ချင်ပဲလုပ်ရတာတွေ မပျော်ပိုက်သောပတ်ဝန်းကျင်မှာ ခံစားချက်တွေကိုတော့ဂျောင်ထိုးပြီး နေကြရပါတယ်။
It’s hard to let it go လေ တကယ်ကိုလွှတ်ချခဲ့ဖို့ခက်ခဲပါတယ်။ အမျိုးမျိုးသောအကြောင်းတရားတွေဟာ ဘက်စုံကနေ အတွေးထဲထိုးဖောက်ခြိမ်းခြောက်နေတာမဟုတ်လား။ What if I do this? ငါဒါလုပ်လိုက်ရင် ဘာဖြစ်သွားမလဲ တွေးကြည့်လို့ကိုမရနိုင်ဘူး။
လူတိုင်းမှာ different reasons ကြောင့် let go လုပ်ဖို့ ခက်ခဲတာတွေရှိတယ်ဆိုတာ သိပါတယ်။
စိတ်မညစ်ပါနဲ့။
လူတိုင်းမှာ မတူညီစွာနဲ့ တူညီတဲ့ဒီဖြစ်ရပ်ရှိကြတယ်။
ဒါပေမဲ့
ဒါပေမဲ့လေ
လွှတ်ချသွားနိုင်တဲ့အခါမှာ မြေပြင်ပေါ်ကိုကျတဲ့ bounce ball လိုပဲ ငါပြုတ်ကျသွားပြီထင်ရပေမဲ့ အရှိန်နဲ့ပြန်ထိုးတက်လာတဲ့စိတ်ကိုခံစားရတာ သိပ်ကိုအားရကျေနပ်ဖို့ကောင်းတာပဲ။
ငါဟာ ငါပဲ။
ငါလုပ်ချင်တာ လုပ်ရတော့မယ်။
တစ်ခုခုကိုတွေးမယ်ဆို ဘာဘောင်ခတ်ထားတာမှမပါပဲ ကိုယ့်စိတ်တိုင်းကျ horizon တစ်ဆုံးတွေးပစ်လို့ရတယ်။
လွပ်လပ်လိုက်တာလို့ တကယ်ပါးစပ်က နှစ်နှစ်ကာကာပြောနိုင်ဖို့ မလွယ်ဘူး။
ဒါပေမဲ့ ပြောနိုင်တဲ့အခါ ဒီသိပ်ရိုးစင်းတဲ့ “လွပ်လပ်လိုက်တာ” ဆိုတဲ့စကားဟာ သိပ်အရသာရှိတာပဲ။
တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာမို့ ခေါင်းစဉ်တပ်မပြောတော့ဘူး။
ဒါပေမဲ့ ကိုယ်သိတယ်နော် မင်းခက်ခဲနေတယ်ဆိုတာ..
မင်းလက်လွှတ်ချင်နေပြီဆိုတာ..
လက်လွှတ်ဖို့ လက်မလွှတ်ဖို့ ကိုယ်မပြောချင်ဘူး။
ဒါပေမဲ့ Believe me မင်း လွှတ်ချနိုင်သွားတဲ့နေ့ဟာ မင်းပျော်ရတဲ့နေ့ပဲ။
လွပ်လပ်လိုက်တာလို့ ပြောနိုင်တော့မဲ့နေ့မှာ မင်းသိပ်ကိုပေါ့ပါးနေမှာအသေအချာပဲလို့ ကိုယ်အသေအချာပြောလိုက်ပါရစေ။
JueMa![]()
19.03.2020 (Thursday)

