ချစ်ခြင်းမေတ္တာကို အခြေပြုတဲ့အခါ

ချစ်ခြင်းမေတ္တာကို အခြေပြုတဲ့အခါ

ရုတ်တရက်သူငယ်ချင်းတွေနဲ့ဆုံလို့ ထပ်တွေ့ကြဖို့ချိန်းတဲ့အခါ လာခဲ့မယ်လို့ပြောဖို့ နောက်မတွန့်ပါနဲ့..

သူငယ်ချင်းတွေကြားထဲ အီလည်လည်မျက်နှာနဲ့ ငါ့ဖုန်းနံပါတ်နှိပ်ပြီး အရင်ခွင့်တောင်းစရာမလိုပါဘူး..

အိမ်ပြန်လာရင်သာ ဘယ်သူနဲ့ ဘယ်သွားမှာပဲ အမှန်အတိုင်းပြောပြပါ..

ဒါမှ ငါစိတ်မပူရမှာမဟုတ်လား..

အပြင်ကပြန်လာတာ ကြိုက်သလောက်နောက်ကျပါ..

ပြန်လာရင်သာငါ့ကို ထွေးပွေ့ထားဖို့မမေ့ပါနဲ့..

နောက်ကျမဲ့အကြောင်း sms တစ်စောင်နဲ့တင် လုံလောက်ပါပြီ..

၂၅ကျပ်ပဲကျမှာ မဟုတ်လား..

ကြိုချိန်းမထားပဲဆိုင်ထိုင်ဖို့ပါသွားတဲ့အခါ ငါ့ကိုအားမနာပါနဲ့..

သူငယ်ချင်းတွေရှေ့မှာပဲ နင်သွားစရာရှိလို့လို့ ပေါ်တင်ဖုန်းဆက်လိုက်ပါ..

ငါဖုန်းထဲကမရစ်ပဲ ကြည့်ဖြူစွာ လိမ္မာပါ့မယ်..

သူငယ်ချင်းတွေက မိန်းမကိုကြောက်လို့လားလို့မေးရင် ဒါ respect ပေးတာပါလို့သာပြောပြလိုက်ပါ..

နင်သူငယ်ချင်းတွေနဲ့ ဆုံချင်ပျော်ချင်တဲ့အခါ ငါနဲ့သမီးကို အားမနာပါနဲ့..

ပွဲလမ်းသဘင်တွေ special occasion တွေကို ဘော်ဒါတွေနဲ့ကဲချင်တဲ့အခါ အားမနာပါနဲ့..

ငါနဲ့သမီးအတွက်မဟုတ်ပဲ ပိုက်ဆံတွေသုံးမိလို့ အားမနာပါနဲ့..

နင်ကအိမ်ထောင်သည် ဖခင်တစ်ယောက်ဖြစ်သလို နင်က ကိုယ့်ပျော်ရွှင်မှုကိုယ် ပိုင်ဆိုင်ထားတဲ့ လူတွေထဲကလူသားတစ်ယောက်လည်းဖြစ်တာကို ငါမမေ့ပါဘူး..

နင်ပျော်မှ နင့်မိသားစုလည်း ပျော်မှာမဟုတ်လား..

နင်ကငွေရှာတဲ့ယောကျာ်းအရုပ်တစ်ရုပ်မဟုတ်ဘူး..

နင်က ခံစားချက်တွေနဲ့ ဖွဲ့တည်ထားတဲ့ လူသားဆန်တဲ့ ငါ့ရဲ့လက်တွဲဖော်ပဲဖြစ်တယ်..

ဒါကြောင့်ပိုက်ဆံတွေအများကြီးမရှာနိုင်လို့ စိတ်မညစ်ပါနဲ့..

နင့်နှလုံးသားထဲက ငါနဲ့သမီးရဲ့နေရာက ပိုပြီးတန်ဖိုးရှိနေလို့ပါ..

အခက်အခဲတွေ ကျပ်တည်းမှုတွေ မပူပါနဲ့..

ငါကနည်းနည်းပျင်းပေမဲ့ ဉာဏ်တော့ကောင်းတယ်မဟုတ်လား..

သမီးအတွက်အများကြီးမလုပ်ပေးနိုင်မှာမပူပါနဲ့..

သမီးက သူ့အရည်အချင်းတွေနဲ့သူ တော်နေပြီးသားပါ..

နှစ်စကစလို့ ခေါင်းပူတာတွေလျော့ပါစေ..

သမီးလေးကို လူသားဆန်စွာပျိုးထောင်ဖို့ပဲတွေးပါ..

အရစ်မရှည်တဲ့မိန်းမမို့ ဘာလုပ်လုပ်အသိပေးတတ်ရင်ပဲ ဒါငါ့အတွက် အကောင်းဆုံးလက်ဆောင်ဖြစ်နေပါပြီ..

၂၀၁၁ ကစလို့ ခု ၂၀၂၁ နောင်နှစ်ပေါင်းများစွာတိုင်အောင် အလိုမကျတိုင်းစိတ်ကောက် ပြန်ချော့ရင်ပြေလည်မဲ့သူပဲဖြစ်ချင်တယ်..

အေးတိအေးစက် စကားတစ်လုံးမှမပြောတော့တဲ့မိန်းမမဖြစ်ချင်သလို နင်ကလည်းကူညီပါ..

ထာဝရချစ်သွားမယ်ဆိုတာကတော့ ငါ့ရဲ့သစ္စာပေါ့..

“တွဲထားတဲ့လက်တိုင်းမြဲကြပါစေ”

မေဂျူး

၁.၁.၂၀၂၁

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *