Ethics ဆိုတာ

Ethics ဆိုတာ

Boundary အကြောင်းလေးရေးပေမယ့် လူတွေမဖတ်ပဲကျော်သွားကြမယ့် topic လို့ထင်ခဲ့တာပါ။ ဒါပေမယ့် လူတော်တော်ဝင်ဖတ်ကြလို့ အားရှိသွားပါတယ်။ Boundary လိုပဲ အရေးကြီးတဲ့ သူ့ရဲ့ တွဲဖက် Ethics လေးအကြောင်း ဒီနေ့ဖတ်ကြမလား။

Ethics ဆိုတာ

😂 ရီစရာကောင်းပါတယ်
❌ဒါပေမဲ့ ရီစရာမကောင်းတော့ပြန်ပါဘူး

😂ပျော်စရာကောင်းပါတယ်
❌ဒါပေမဲ့ ပျော်စရာမကောင်းတော့ပြန်ပါဘူး

“ဒါပေမဲ့” နောက်က အရာတွေဟာ ethics ရှိသူတွေအတွက်ပါ

Ethics ဆိုတာ လူ့ကျင့်ဝတ်ခေါ်ပါတယ်

Ethics ဆိုတာ “ငါ့ဘာသာငါလုပ်တာဘာဖြစ်လဲ” နဲ့ “ငါဒီလိုလုပ်သင့်တာ” ဆိုတဲ့ ကွာခြားချက် ကိုယ့်ရဲ့တန်ဖိုးကိုသိခြင်းပါပဲ

လူ့ကျင့်ဝတ်ဟာ ဘာလဲ
လုပ်ခွင့်ရှိတိုင်း လုပ်ပစ်မှာပဲလား
ကိုယ့်လုပ်ရပ်ဟာ မှန်ရဲ့လားလို့ သုံးသပ်ဖို့ မလိုဘူးလား

အိမ်ထောင်ရေးဖောက်ပြန်ခြင်း
နိုင်ထက်စီးနင်းပြုကျင့်ခံရခြင်း
ကလေးသူငယ်များကိုအလွဲသုံးစားလုပ်ခြင်း
တစ်ပါးသူရဲ့အိမ်တွင်းရေး
အရှက်တကွဲကိစ္စများ
…စသော အချင်းအရာများအပေါ်မှာ ethics လေးနဲ့ ချင့်ချိန်ကြစေလိုတယ်

သူ့နေရာမှာ ငါဆိုရင်ရော….

social media မို့ဆိုတာထက်
လူ့ကျင့်ဝတ်ကို လေးစားတဲ့ enviroment တစ်ခုမှာ တွေ့ဆုံနေကြရတယ်ဆို ပိုမကောင်းဘူးလား

Ethics အကြောင်း စတွေးကြည့်ကြမလား
ကိုယ်သာအခက်အခဲနဲ့ကြုံနေရပြီဆိုရင် Ethics ရှိတဲ့သူတွေနဲ့ပဲကြုံချင်လား မရှိသူတွေနဲ့ကြုံချင်လား
ကိုယ့်အဖြေဟာ ကိုယ်တိုင်ပြုမူနေထိုင်ဖို့အရေးကြီးတယ်ဆိုတာပါ တွဲရက်ပါနေတာလေး သတိပြုလိုက်ပါနော်

မေဂျူး
15.07.2022 (Friday)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *