ချစ်တဲ့စိတ်တွေနဲ့…………

တစ်နေ့ကျရင်ပေါ့ ခုချိန်မှာ ပင်ပန်းလွန်းလို့ ဒီအချိန်တွေလွန်မြောက်ပါစေလို့ ဆုတောင်းနေမိတဲ့ကာလကို ကျွန်မတို့ ပြန်တမ်းတမိလိမ့်မယ် ကလေးတွေကြောင့် အိပ်ရေးပျက်ရတာတွေ အစားစားလို့မဝင်အောင် ပင်ပန်းရတာတွေ ကလေးငယ်လို့လူပင်ပန်းရတာတွေ ကလေးကြီးလာလို့ စိတ်ပင်ပန်းရတာတွေ ကလေးတွေအစားမစားလို့ ထိုင်ငိုခဲ့ရတာတွေ ပြောစကားနားမထောင်တဲ့ကလေးကို အော်ဟစ်ဆူပူခဲ့တာတွေ ရေချိုးဖို့ ဂျီကျငိုယိုနေတဲ့ကလေးကို စိတ်အပျက်ကြီးပျက်မိတာတွေ လိုချင်တဲ့အရုပ်မရလို့ ငိုယိုနေတဲ့ကလေးကို လူကြားထဲထားပစ်ခဲ့ပြီး ထွက်သွားပစ်ချင်ခဲ့တာတွေ တစ်အိမ်လုံးပွနေတဲ့အရုပ်ကို အရုပ်ကြိုးပြတ်ထိုင်သိမ်းခဲ့ရတာတွေ စကားတွေတတ်လာတဲ့ကလေးကို မဆဲဆိုတတ်စေဖို့ အာပေါက်အောင်သင်ပြခဲ့ရတာတွေ…

မေမေက မီးမီးကိုသိပ်ချစ်တာပဲ

မေမေကမီးမီးကို အရမ်းချစ်တာပဲဆိုတာ မီးမီးသိတယ်။ နေ့တိုင်းစကားတွေအများကြီးပြောတတ်တဲ့မီးမီးကို ဘယ်တော့မှစိတ်ရှုပ်ဟန်မပြပဲ ပြုံးပြုံးလေးမီးမီးကိုကြည့်ပြီး မီးမီးပြောသမျှ  နားထောင်တယ်။ မေမေက မီးမီးဘာမေးမေး စိတ်ရှည်လက်ရှည်လည်း ရှင်းပြတတ်သေးတယ်။ တစ်ခါတစ်လေ မေမေကရီစရာတွေပြောပြတယ်။ တစ်ခါတစ်လေ မီးမီးပြောပြတာမရီရပေမဲ့လည်း မေမေကအသံအကျယ်ကြီးအော်ရီတဲ့အခါ မီးမီးတို့တူတူရီကြပြန်တယ်။ မေမေက မီးမီးနဲ့တူတူ မီးမီးမလုပ်တတ်တာတွေဆို တူတူလုပ်ပေးတယ်။ ပြီးတော့ မီးမီးက “မီးမီးနဲ့မေမေနဲ့တူတူလုပ်ကြတယ်နော်” လို့ပြောတဲ့အခါ မေမေက မီးမီးကအရမ်းတော်တာကိုးလို့ ချီးကျူးတတ်ပြန်တယ်။ မေ့မေ့အင်္ကျီတွေကို…

အရာအားလုံးကို ချစ်ခြင်းဖြင့် အနားသတ်ထားသည်

ဒီနေ့အလုပ်ပြန်လာတဲ့အခါ လူကပင်ပန်း အိပ်ချင် ဗိုက်ကလည်းဆာနေတယ်။ အိပ်ယာပေါ် ပစ်လှဲပြီး ပြန်မထချင်တော့ဘူး။ တစ်ခုခုစားဖို့တောင် ကိုယ်လက်မသယ်ချင်မိဘူး။ တမှေးလောက်ပဲ အိပ်လိုက်မယ်လို့ကြိုးစားနေချိန်မှာ သမီးလေးက မုန့်ဘူးတွေကိုင်ပြီး မွေ့ယာပေါ်ပြေးတက်လာတယ်။ အဲ့အချိန် မုန့်ရယ် မုန့်ကရတဲ့အနံ့ရယ်ကြောင့် လှိုက်ခနဲပျော်သွားတာပဲ။ "မေမေရေ အရသာရှိတယ် မေမေစားကြည့်ပါလား" တဲ့။ ပြီးတော့ ဇွန်းပါသွားပြေးယူပေးတယ်။ အမေအရသာရှိစွာစားပြတာကို ပြုံးပြီးကြည့်နေတဲ့ မီးငယ်လေးကိုကြည့်မိတဲ့အခါ ကိုယ့်ကိုကိုယ်ပြန်မြင်မိတယ်။ သူမရဲ့အကြည့်တွေဟာ ချစ်ခြင်းတွေနဲ့…

မေမေ့နေရာမှာ သမီးသာဆိုရင်

တစ်ချိန်ကျ သမီးလေးကြီးပြင်းလာတဲ့အခါ ကိုယ့်လိုမျိုး ငါ့အတွက်ဆို ဘယ်သူမှအဆင်သင့်မရှိဘူးဆိုတဲ့အတွေးမျိုးတောင် ရှိလာလိမ့်မှာမဟုတ်ဘူး.. ကိုယ်တစ်ယောက်ဟာဖြင့် သူမအတွက်သာ လုံလောက်စွာရှင်သန်ပေးနေမှာပဲဖြစ်တယ်.. မိခင်မေတ္တာဆိုတာကို စာစီစာကုံးပဲရေးရေး စကားနိုင်ပဲလုလု သူငယ်ချင်းတွေနဲ့စကားစမြည်ပဲပြောပြော သူမအတွက်ဆွေးနွေးစရာစကားလုံးတွေအပြည့်နဲ့ ပြောမိတဲ့အခွန်းတိုင်းမှာ သူမပြုံးနေစေရမယ်.. သမီးကိုဘယ်သူမှနားမလည်ကြဘူးဆိုတဲ့စကားဟာ သူမပါးစပ်က ဘယ်တော့မှ မပြောဖူးတဲ့စကားပဲဖြစ်လိမ့်မယ်.. မေမေ့နားမှာချွဲနွဲ့ချင်လို့ပါ မေမေ့ကိုချစ်လို့ပါနော်လို့ပြောစရာမလိုပဲ အမေနားကို အချိန်တိုင်း စိတ်လိုလက်ရကပ်ခွင့်လည်းရဦးမယ်.. မေမေရယ် "ဘာလို့"ဆိုတဲ့ မေးခွန်းတွေမရှိအောင်ကို ကြိုးစားပေးချင်တယ်.. ဘဝမှာဘယ်လိုစိတ်ရှုပ်မှုတွေကြုံလာပါစေ…

Block တုံးလေးတွေစီရာဝယ်

ကလေးတစ်ယောက်ကို ပျိုးထောင်ရတာဟာ building blocks တွေစီရသလိုပါပဲ။ တစ်ဆင့်ချင်းစီ အဖေရယ် အမေရယ် ဟန်ချက်ညီညီ အပေးအယူညီညီ တသမတ်တည်းသောနည်းတွေကို ကျင့်သုံးပြီးစီမှ မြင့်လာလေ ပိုရုပ်လုံးပေါ်လာလေ ခိုင်ခံ့လေပါပဲ။ ကိုယ်ကတော့ ၆နှစ်ကျော်ကာလတစ်ခုလုံး စိတ်ရောကိုယ်ရောနှစ်ပြီး ဒီအတုံးလေးတွေစီနေခဲ့တာ။ ဒါပေမယ့် ကိုယ်ဘယ်လောက်ကြိုးစားခဲ့ပါစေ ကိုယ်ဘယ်လောက်ခိုင်ခံ့အောင်စီထားပါစေ ဘယ်လောက်မြင့်ပါစေ ဟန်ချက်ပျက်တာနဲ့ ဝုန်းခနဲပြိုကျမှာပါပဲ။ ကလေးနဲ့ပတ်သတ်လာရင် အဓိကပျိုးထောင်မယ့်သူ ကလေးရဲ့ decisionတွေကို ချမှတ်ပေးမယ့်သူဟာ…