ကိုယ်တွေဟာ ကမ္ဘာတစ်ခုပိုင်ထားသူတွေ
ထုံးစံအတိုင်းအလုပ်ပိတ်ရက်ရှည်ပြီးတော့ အလုပ်ပြန်ဝင်ခါနီးတိုင်း သမီးလေးကိုကြိုပြောပြထားရတယ်။ နေ့စဉ်အမေနဲ့တူတူထနေရာက အမေမရှိပဲနိုးလာရင် အမေ့လက်တစ်ဖက်ကိုဆွဲဖက်စရာမရှိရင် သူမငိုမှာစိုးတယ်။ “ငယ်ရေ မနက် မေမေအလုပ်ပြန်သွားရတော့မယ်။ ငိုမနေနဲ့နော်။ မေမေ့ကိုတွေ့ချင်ရင်တော့ စောစောထပေါ့” ညမအိပ်ခင် သူမကိုမှာထားပြီး တူတူအိပ်ယာဝင်ကြတယ်။ မနက်နိုးတာနဲ့ အိပ်နေတဲ့မျက်နှာသေးသေးဖူးဖူးလေးကိုကြည့်ပြီး သူမမုန့်ဘူးထဲထည့်ဖို့ အသီးပြင်နေတုန်း ခြေသံသေးသေးလေး ကိုယ့်နားကိုဒုန်းစိုင်းပြေးလာတယ်။ ကိုယ့်ပေါင်တစ်ဖက်ကိုလာဖက်တယ်။ “မီးလေးအစောကြီး ထတယ်” “မေမေ့ကိုတွေ့ချင်လို့” သူမကိုယ်လုံးသေးသေးလေးကိုပွေ့ဖက်ပြီး နမ်းပစ်လိုက်တယ်။ နောက်ထပ် ဘာအကြောင်းကြောင့်မှ…