သားသမီးတွေကို တစ်ဘဝလုံးပုံအပ်ပြီး ချစ်ပါ

သူတို့ဟာ သင်ဘယ်လောက်ရုပ်ဆိုးဆိုး

မေမေကအရမ်းလှတာပဲ အမြဲပြောနေမဲ့သူတွေပါ

သင့်အသံဘယ်လောက်ဆိုးဝါးပါစေ

မေမေ့အသံလေးကကောင်းလိုက်တာဆိုပြီး အိပ်ပျော်သွားမဲ့သူတွေပါ

ဘယ်သူတွေက ဘယ်လိုပြောပါစေ

မေမေမှန်တယ်လို့ လာဖက်ပြီး ပြောတတ်ကြသူတွေပါ

သူတို့ဘာလေးပဲစားစား

မေမေစားဆိုပြီး ပါးစပ်ထဲအတင်းခွံ့ကျွေးမဲ့သူတွေပါ

သူတို့ဟာ သင်ဘယ်လိုဆူပါစေ

တန်ပြန်အော်ဟစ်ကြမဲ့သူတွေ မဟုတ်ကြဘူး

သူတို့ဟာ နောက်အမေတစ်ယောက်ရလို့ ပစ်သွားကြမဲ့သူတွေမဟုတ်ဘူး

သူတို့ဟာ မိဘဖြစ်ပြီး မှန်ရာလုပ်နေတာပဲဆိုပြီး သင့်ကိုထားသွားကြမဲ့သူတွေမဟုတ်ဘူး

သင့်ရဲ့လုပ်ရပ်တိုင်းကို မျက်စိဒေါက်ထောက်ဝေဖန်ကြမဲ့သူမဟုတ်ဘူး

မိဘတွေ အိမ်ထောင်ဖက်ကဆက်ဆံသလိုမျိုး အသုံးမှမကျတာဆိုပြီး သင့်ကိုတစ်သက်လုံး နာကျင်စေမဲ့သူမဟုတ်ဘူး

သင့်မျက်ရည်တိုင်းကို သုတ်ပေးမဲ့သူ

သင့်နာကျင်မှုကို ကုပေးမဲ့သူ

သင့်ဘဝကို လမ်းပြမဲ့သူ

သင့်ကို အမြဲကြိုးစားချင်အောင် motivation ပေးမဲ့သူ

တစ်လောကလုံးက စိန်ခေါ်နေရင်တောင် သင့်လက်ကိုဆွဲပြီးလိုက်မဲ့သူ

သင်ဘယ်လောက်ဒေါသထွက်လို့အော်ပါစေ တစ်ချက်လေးပြုံးပြတာနဲ့ သင့်ဆီရင်ဖွင့်ပြီး အပြုံးလေးနဲ့ပြေးလာကြမဲ့သူ

တကယ်တော့ သားသမီးပိုင်ဆိုင်ထားတဲ့ မိခင်တိုင်းက သိပ်ကို ကံကောင်းလွန်းကြတယ်..

တစ်သက်လုံးကံဆိုးခဲ့ပါစေဦး သူတို့လေးတွေ ပိုင်ဆိုင်လိုက်တာနဲ့ ကံကောင်းခြင်းတွေပါ တစ်ပါတည်းပိုင်ဆိုင်လာရတယ်

အိမ်ထောက်ဖက်ရဲ့ဖောက်ပြန်ငြူစူမှု မိဘရဲ့တရားမျှတမှုမရှိတဲ့အုပ်ချုပ်မှု ဒါတွေကြားကနေ ဘာမျှော်လင့်ချက်မှမရှိပဲ သင့်ကိုအကြွင်းမဲ့ချစ်တဲ့သူရှိတယ်လို့ခံစားရစေတာ သားသမီးဆိုတဲ့ လူသားလေးတွေပါပဲ

သူတို့က သင် ငိုနေတာတောင် ချက်ချင်းပြုံးစေနိုင်တယ်

လခထုတ်ရက်တွေကို ချိုမြိန်စေတယ်

အလုပ်လုပ်နေတဲ့နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိစေတယ်

အိမ်အလုပ်တွေကို တက်ကြွစွာလုပ်စေတယ်

စိတ်ရော နှလုံးသားရောကိုပါ အဟာရတွေပေးတယ်

ဒါကြောင့် မိခင်ဖြစ်ရတာ ဂုဏ်ယူပစ်လိုက်စမ်းပါ

ကိုယ့်ကြောင့်အသက်ရှင်လာပေမဲ့ ကိုယ်အသက်ရှင်ရတဲ့ရည်ရွယ်ချက်ကို အပြုံးတွေနဲ့ နားလည်ကြစေသူလေးတွေရဲ့ အချစ်ရဆုံးသူဖြစ်ခွင့်ရတဲ့အတွက်

ကိုယ့်သမီးကိုမြင်တိုင်း ကိုယ်ကတော့ အသားလွတ်ကို အောက်ခြေလွတ်မိတယ်

မေဂျူး
25.11.18 (Sunday)
သမီးလေး ၃နှစ် ၄လ ၁၆ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *