ကိုယ်အစားချင်ဆုံးဆိုင်မှာ မြိန်ရေယှက်ရေထိုင်စားနေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။
အလှပြင်ဆိုင်မှာ ခေါင်းအေးအေးဆေးလျှော်နေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။
အဝတ်အစားသွားဝယ်ဖို့ဆိုင်တစ်ဆိုင်မှာ စိတ်ကြိုက်ရွေးလိုက် ဝတ်ကြည့်လိုက် လုပ်နေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။
ကိုရီးယားကားလေးကို မုန့်လေးစားရင်း အအေးလေးသောက်ရင်း ကြည့်နေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။
တကယ့်တကယ် လက်တွေ့မှာတော့ ကလေးကိုကြည့်ပေးမဲ့သူရှိရင်လဲ ကိုယ့်ကလေးမြင်နေရမှ နောက်ဆံမတင်းပဲစားဝင်တယ် နောက်ဆံမတင်းပဲ ခေါင်းလျှော်နိုင်တယ် ကလေးလက်တစ်ဖက်ဆွဲထားမှ shopping ထွက်တတ်တော့တယ် ကိုရီးယားကားကြည့်လိုက် ကလေးကြည့်လိုက်မှ ပြည့်စုံတယ်ထင်တယ်။
ကလေးဆိုတဲ့အမျိုးကလဲ ငြိမ်ငြိမ်ထိုင်ဆော့တာကလွဲလို့ အကုန်တတ်တယ်။
အဲ့လိုငြိမ်နေရင်တောင် ကိုယ်တွေဆိုတာ စိတ်ပူနေတာမျိုး။
ဒီလိုနဲ့ ကလေးအမေတွေက ဆန္ဒမပြည့်တော့ ဘယ်တော့မှ စိတ်မရှည်
ဒါပေမဲ့ ကလေးကို မျက်စိအောက်မှာ ဘယ်တော့မှ မလွတ်စတမ်းထားမြဲပဲ
ကလေးတွေကလဲ တစိမှမငြိမ်
အဲ့ဒါနဲ့ဒေါသထွက်
ပြီးတော့ ဆန္ဒတွေတော့ရှိတယ်ဖြစ်
ကလေးကျ လက်ကမလွှတ်နဲ့
ပုံပြင်လေးကတော့ ဒါပါပဲရှန် ပေါ့ရှင်😂
(ပုံထဲမှာပဲကြည့် ကလေးကန်ထဲတောင် သွသူထားလို့ရတာကို လိုက်စောင့်နေတဲ့အဖြစ်တွေပြောပါတယ်😆)
မေဂျူး
၁.၁၂.၁၈ (စနေ)
သမီးလေး ၃နှစ် ၄လ ၂၉ ရက်
