သမီးကိုအားနာမိတယ်
"သမီးလေးက ကလေးလေးတစ်ယောက်အရွယ်လေးပါ" လို့ တစ်ခါတစ်ခါ မေ့သွားမိတယ်။ ကိုယ့်ဖက်က ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်လိုမြင်ပြီး ဆူပူမိတာတွေ စိတ်မရှည်မိတာတွေ ငြူစူမိတာတွေ အကြိမ်ကြိမ်ပြုမိတယ်။ ကလေးလေးကတော့ သိပ်သနားဖို့ကောင်းတာပဲ။ သူ့အရွယ်အရဖွံ့ဖြိုးလာတဲ့အရာတွေကို မေမေကနားမလည်ပေးတဲ့အချိန်မှာ သူတစ်ကိုယ်တည်း တိုက်ပွဲဝင်ရရှာတယ်။ တစ်ဖက်ကမေမေကလည်း ဆူပဲဖိဆူနေတယ်။ မေမေမချစ်တော့မှာလဲစိုးရိမ်စိတ်တစ်ဖက် ကိုယ့်စိတ်ခံစားချက်တွေကိုမထိန်းချုပ်တတ်သေးတဲ့အရွယ်မို့ လုပ်ချင်တာကိုလုပ်ပစ်ချင်စိတ်တွေကတစ်ဖက်နဲ့ သမီးလေးတစ်ယောက်တည်း သိပ်သနားဖို့ကောင်းမှာပဲ။ ဒီလိုချိန်မှာ မေမေကသာ မီးမီးကိုနားလည်ပေးပြီး မီးမီးဘာလို့ဒီလိုလုပ်နေရတာလဲဆိုတာကို လက်ခံပြီးဖေးမပေးရင်သိပ်ကောင်းမှာပဲလို့…


