Block တုံးလေးတွေစီရာဝယ်
ကလေးတစ်ယောက်ကို ပျိုးထောင်ရတာဟာ building blocks တွေစီရသလိုပါပဲ။ တစ်ဆင့်ချင်းစီ အဖေရယ် အမေရယ် ဟန်ချက်ညီညီ အပေးအယူညီညီ တသမတ်တည်းသောနည်းတွေကို ကျင့်သုံးပြီးစီမှ မြင့်လာလေ ပိုရုပ်လုံးပေါ်လာလေ ခိုင်ခံ့လေပါပဲ။ ကိုယ်ကတော့ ၆နှစ်ကျော်ကာလတစ်ခုလုံး စိတ်ရောကိုယ်ရောနှစ်ပြီး ဒီအတုံးလေးတွေစီနေခဲ့တာ။ ဒါပေမယ့် ကိုယ်ဘယ်လောက်ကြိုးစားခဲ့ပါစေ ကိုယ်ဘယ်လောက်ခိုင်ခံ့အောင်စီထားပါစေ ဘယ်လောက်မြင့်ပါစေ ဟန်ချက်ပျက်တာနဲ့ ဝုန်းခနဲပြိုကျမှာပါပဲ။ ကလေးနဲ့ပတ်သတ်လာရင် အဓိကပျိုးထောင်မယ့်သူ ကလေးရဲ့ decisionတွေကို ချမှတ်ပေးမယ့်သူဟာ…