အိုမင်းသွားတဲ့အခါ……………

အိုမင်းသွားတဲ့အခါ……………

တစ်နေ့က သူငယ်ချင်းတွေနဲ့ စကားစပ်မိရင်း ထုံးစံအတိုင်း ကလေးတွေကိစ္စဟာ မပါမဖြစ်ကိစ္စမို့ ပြောဖြစ်ကြတာပေါ့နော်။ အဖေတွေဟာလေ သူများသမီးကိုယူထားပေမဲ့ကိုယ့်သမီးကိုတော့ ပြန်မပေးချင်ဘူးလို့ပြောရင်း ရီကြရသေးတယ်။ ဒါပေမဲ့ ဒီအကြောင်းရောက်တိုင်း မျက်ရည်လည်ရတာဟာ ကိုယ်တွေမိခင်တွေပဲဖြစ်ဖြစ်သွားရတာ ဘာလို့ပါလိမ့်နော်။ ဖြစ်နိုင်ရင် သမီးလေးကို အသက်တွေကြီးတဲ့အထိ ကိုယ့်ဘေးနားမှာထားရင်း နဖူးလေးစမ်းလိုက် ဆံပင်လေးသပ်ပေးလိုက် လက်ကလေးကိုထွေးဆုပ်ပြီး ကိုယ်နဲ့တစ်အိပ်ယာထဲအတူသိပ်ချင်တယ်။ ခုတောင် သမီးလေးရဲ့အရပ်ဟာ ကိုယ့်လက်တစ်ပွေ့အရွယ်ကနေ ကိုယ့်ခါးကိုကျော်လာခဲ့ပြီ။ အိပ်နေရင်းနဲ့ စောင်လှမ်းခြုံပေးရင်…
All about pumping

All about pumping

အလုပ်တစ်ဖက်နဲ့ မိခင်နို့ပဲတိုက်မယ် နို့ထွက်များအောင်ဘယ်လိုလုပ်ရမလဲ ဂျူးအလုပ်မဝင်ခင်က သားသားအတွက် pumping လုပ်တာ နို့ထွက်နည်းလို့ Post တင်ဖူးတာမှတ်မိမှာပေါ့။ ခုတော့ အလုပ်ဝင်တာ သုံးပတ်ပြည့်ခဲ့ပြီ။ weekend ၃ ခုလုံးမှာ ပိုနေတဲ့နို့တွေ သားလေးကို Milk bath ပါလုပ်ပေးနိုင်ခဲ့တဲ့ထိ အဆင်ပြေခဲ့ပါပြီ။ ခုဒီအပတ်မှာတော့ ဒီ weekend အတွက်မလိုတဲ့အတွက် freeze သိမ်းထားတဲ့အထိ နို့ကလုံလောက်တာထက် ပိုလျှံလာပါပြီ။…