Ethics ဆိုတာ

Ethics ဆိုတာ

Boundary အကြောင်းလေးရေးပေမယ့် လူတွေမဖတ်ပဲကျော်သွားကြမယ့် topic လို့ထင်ခဲ့တာပါ။ ဒါပေမယ့် လူတော်တော်ဝင်ဖတ်ကြလို့ အားရှိသွားပါတယ်။ Boundary လိုပဲ အရေးကြီးတဲ့ သူ့ရဲ့ တွဲဖက် Ethics လေးအကြောင်း ဒီနေ့ဖတ်ကြမလား။ Ethics ဆိုတာ  ရီစရာကောင်းပါတယ်ဒါပေမဲ့ ရီစရာမကောင်းတော့ပြန်ပါဘူး ပျော်စရာကောင်းပါတယ်ဒါပေမဲ့ ပျော်စရာမကောင်းတော့ပြန်ပါဘူး "ဒါပေမဲ့" နောက်က အရာတွေဟာ ethics ရှိသူတွေအတွက်ပါ Ethics ဆိုတာ လူ့ကျင့်ဝတ်ခေါ်ပါတယ်…
Please

Please

"Depression" ဆိုတာက စက္ကူရွက်ပေါ်မှင်စက်ကျသလိုပါပဲတဖြည်းဖြည်းပြန့်ပြန့်လာတယ်သူစလာပြီဆိုတာနဲ့ ချက်ချင်း မိုးအုံ့သွားသလိုပေါ့ကိုယ့်ရဲ့ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်းမြင်လို့မရတော့ဘူးအရာရာဟာ အုံ့မှိုင်းမဲမှောင်နေတာပဲငါပဲ ကံဆိုးတာငါမို့လို့ဖြစ်နေတာငါ့ကျမှဖြစ်ရလားကွာဆိုတဲ့ စိတ်တွေနဲ့ ပိုပိုပြန့်လာတဲ့ မှင်ကွက်လိုပဲ အကုန်စွန်းထင်းတော့တာပဲ သိတာပေါ့ အားလုံးခက်ခဲနေတာ မလွယ်ကူတာ ပျော်မနေတာဒါပေမယ့် Depression က အဲ့အသိကြီးကိုပါ နံရံအမည်းကြီးနဲ့ကာချပစ်လိုက်တာဒီတော့ ဘာကိုမှ မမြင်နိုင် မတွေးနိုင်တော့ဘူးအရာရာဟာ negative ဖက်ကချည်း တိုးဝင်လာတော့တာပဲ အဲ့အချိန်ကျရင် ခလုတ်တိုက်တာကအစ သောက်နေတဲ့ကော်ဖီခွက်မှောက်တာအဆုံး ရှိုက်ကြီးတငင်ထိုင်ငိုမိတဲ့အထိဖြစ်လာတော့တာပဲအဲ့အချိန်ကျ…
သမီးသွားလေးကျိုးသွားတယ်။

သမီးသွားလေးကျိုးသွားတယ်။

မနေ့ညက သားလေးအိပ်ချိန်မို့ သားကိုချီပြီး အခန်းထဲဝင်လာခဲ့တယ်။ သားကထုံးစံအတိုင်း အိပ်ယာတစ်ခုလုံးလှိမ့်ပြီး မအိပ်မချင်းဆော့တာကို ငိုက်ရင်းနဲ့စောင့်နေရတယ်။ အိမ်ရှေ့မှာကတော့ ဂိမ်းမဆော့ရလို့ဂျီကျငိုယိုနေတဲ့သမီးနဲ့ သူ့အဖေကျန်ခဲ့တာပေါ့။ တစ်ချက်တစ်ချက် သမီးငိုသံက အခန်းထဲဝင်ဝင်လာတယ်။ စိတ်ထဲမှာတော့ ရစ်လိုက်တာအရမ်းပဲဆိုပြီး စိတ်ရှုပ်နေမိတယ်။ သမီးက ၇နှစ်နောက်ပိုင်းတော်တော်လေးရစ်လာတယ်။ ၁ နှစ်မပြည့်သေးတဲ့သားတစ်ဖက် အလုပ်တစ်ဖက်နဲ့မို့ များသောအားဖြင့်ပင်ပန်းနေတတ်တော့ သမီးရစ်ရင် တော်တော်လေးစိတ်ရှုပ်မိ မျက်နှာကဆူပုတ်လာမိတယ်။ အပြင်ရောက်လည်းဒီလိုပဲ။ အဲ့လိုဖြစ်လာတိုင်း ကလေးတွေအဖေက နင်သွားလိုက်တော့ရတယ်…
မိသားစုတန်ဖိုး

မိသားစုတန်ဖိုး

မိသားစုကိုတန်ဖိုးထားမှ မိသားစုကတန်ဖိုးပြန်ထားမှာပါ။ကိုယ်တိုင်ကမိသားစုကိုတန်ဖိုးမထားရင် မိသားစုကလည်း ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး။ "မိသားစုတန်ဖိုး" ဆိုတာ ကိုယ့်ရဲ့ဝင်ငွေ ကျော်ကြားမှု အပေါင်းအသင်းဝင်ဆံ့မှုပေါ် မူတည်တာမဟုတ်ဘူး။ "မိသားစုတန်ဖိုး" ဆိုတာ ကိုယ်ဟာ ဒီမိသားစုအပေါ် ချစ်ခင်ကြင်နာမှု တာဝန်ယူမှု မြတ်နိုးတွယ်တာမှု ပထမနေရာကနေစဉ်းစားပေးမှုတွေအပေါ်သာမူတည်နေတာပါ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ငွေတွေရှာနိုင်တိုင်း နာမည်ကြီးကျော်ကြားတိုင်း မိသားစုထဲမှာ တန်ဖိုးအရှိဆုံးလို့ခံယူလိုက်လို့မရပါဘူး။ ကိုယ်တိုင်လည်း ဒီလိုဆင်ခြင်ပါတယ်။ Working mom မို့ ငွေရှာနေတာပဲဆိုပြီး…
ချစ်ခြင်းမေတ္တာကို အခြေပြုတဲ့အခါ

ချစ်ခြင်းမေတ္တာကို အခြေပြုတဲ့အခါ

ရုတ်တရက်သူငယ်ချင်းတွေနဲ့ဆုံလို့ ထပ်တွေ့ကြဖို့ချိန်းတဲ့အခါ လာခဲ့မယ်လို့ပြောဖို့ နောက်မတွန့်ပါနဲ့.. သူငယ်ချင်းတွေကြားထဲ အီလည်လည်မျက်နှာနဲ့ ငါ့ဖုန်းနံပါတ်နှိပ်ပြီး အရင်ခွင့်တောင်းစရာမလိုပါဘူး.. အိမ်ပြန်လာရင်သာ ဘယ်သူနဲ့ ဘယ်သွားမှာပဲ အမှန်အတိုင်းပြောပြပါ.. ဒါမှ ငါစိတ်မပူရမှာမဟုတ်လား.. အပြင်ကပြန်လာတာ ကြိုက်သလောက်နောက်ကျပါ.. ပြန်လာရင်သာငါ့ကို ထွေးပွေ့ထားဖို့မမေ့ပါနဲ့.. နောက်ကျမဲ့အကြောင်း sms တစ်စောင်နဲ့တင် လုံလောက်ပါပြီ.. ၂၅ကျပ်ပဲကျမှာ မဟုတ်လား.. ကြိုချိန်းမထားပဲဆိုင်ထိုင်ဖို့ပါသွားတဲ့အခါ ငါ့ကိုအားမနာပါနဲ့.. သူငယ်ချင်းတွေရှေ့မှာပဲ နင်သွားစရာရှိလို့လို့ ပေါ်တင်ဖုန်းဆက်လိုက်ပါ.. ငါဖုန်းထဲကမရစ်ပဲ…