ပိုပြီးကောင်းမယ့်ကမ္ဘာ
ကလေးတွေဆိုတာ ဒီကမ္ဘာလောကကြီးကို ပိုကောင်းအောင်လုပ်ပေးမယ့်လူသားလေးတွေပါ။ ကျွန်မတို့တွေအားလုံးက တစ်နည်းနည်းနဲ့ မှားပြီးနေကြပြီ။ မိုက်ပြီးနေကြပြီ။ စိတ်ညစ် စိတ်ယုတ်တွေရှိဖူးကြပြီ။ ကမ္ဘာကြီးမပြောနဲ့ ကိုယ့်မိသားစု အဝန်းအဝိုင်းလေးအတွက်တောင် ကောင်းအောင်မရှိပေးနိုင်တဲ့သူတွေအများကြီးပဲရှိကြတယ်။ ကမ္ဘာကြီးကို သူတို့တွေကဖျက်ဆီးကြတယ်။ နိုင်ငံကိုဖျက်ဆီးကြတယ်။ အရာအားလုံးကိုရုပ်ဆိုးအကျည်းတန်စေကြတယ်။ ကလေးလေးတွေကတော့ အပြစ်ကင်းစွာနဲ့ ပိုကောင်းတဲ့အနာဂတ်ဖြစ်လာစေဖို့ သူတို့ကပြုပြင်ပေးနိုင်စွမ်းရှိကြတယ်။ ပိုကောင်းတဲ့အလားအလာ ပိုကောင်းတဲ့ကမ္ဘာ ပိုပြီးတိုးတက်တဲ့နိုင်ငံ ပိုပြီးကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းတွေရရှိဖို့ဆိုရင် ဒီကလေးလေးတွေကပဲ ကျွန်မတို့စရလိမ့်မယ်။ ကျွန်မတို့အပေါ်အများကြီးမူတည်နေတယ် ဒါတွေအကုန်လုံးက။ အမှုမှတ်အမှတ်မဲ့နေ့ရက်တွေကုန်နေရင်းကနေ…
မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ
ဘေးစကားတွေကို မျက်ကွယ်ပြုတတ်လာရမယ်။လိုတာကိုယူ မလိုတာကိုပယ်တတ်တဲ့ အကျင့်လေးလည်းရှိလာရမယ်။မိသားစု၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ အထက်လူကြီး၊ ကိုယ့်ကျေးဇူးရှင် ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ကလေးနဲ့ပတ်သတ်လာရင် ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိရမယ်။ဒီလိုမျိုး ဆုံးဖြတ်ခွင့်ရအောင်လည်း ကလေးနဲ့ပတ်သတ်ရင် ဘာမဆိုသိထားရမယ်။ကလေးရဲ့အနာဂတ်ကို ဘယ်သူ့ဆုံးဖြတ်ချက်နဲ့မှ ပုံမဖော်ပဲ မိခင်ကိုယ်တိုင်ကပဲ ကလေးလေးရဲ့ဖြစ်တည်လာမှုကို အားပေးကူညီပေးနိုင်သူဖြစ်ရမယ်။အများက A မို့ A လိုက်တာထက် ဘာလို့ A ဖြစ်ကြတာလဲ A ကဘာလဲဆိုတာကို ကိုယ်တိုင်လည်းလေ့လာ ကိုယ့်ကလေးနဲ့အဆင်ပြေ…
Boundary တွေအကြောင်း
ကျွန်မမှာရှိတဲ့အရည်အချင်းတွေထဲမှာ ကျွန်မသဘောအကျဆုံးကတော့ ကျွန်မက စည်းရှိတာပါပဲ။ ကျွန်မကိုယ်ကျွန်မသတ်မှတ်ထားတဲ့ Boundary ထဲကနေ ဘယ်တော့မှ မထွက်ပါဘူး။ boundary/ˈbaʊnd(ə)ri/�a line which marks the limits of an area; a dividing line. Boundary ဆိုတာ သတ်မှတ်ထားတဲ့ဧရိယာ တားထားတဲ့စည်းကိုခေါ်တာပါ။ ခင်လို့ဆိုပြီး ရသမျှအခွင့်အရေးမယူရပါဘူး။ လူတစ်ဖက်သားကို လေးစားခြင်း ကိုယ်ချင်းစာခြင်းတွေနဲ့…




