မိသားစုတန်ဖိုး
မိသားစုကိုတန်ဖိုးထားမှ မိသားစုကတန်ဖိုးပြန်ထားမှာပါ။ကိုယ်တိုင်ကမိသားစုကိုတန်ဖိုးမထားရင် မိသားစုကလည်း ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး။ "မိသားစုတန်ဖိုး" ဆိုတာ ကိုယ့်ရဲ့ဝင်ငွေ ကျော်ကြားမှု အပေါင်းအသင်းဝင်ဆံ့မှုပေါ် မူတည်တာမဟုတ်ဘူး။ "မိသားစုတန်ဖိုး" ဆိုတာ ကိုယ်ဟာ ဒီမိသားစုအပေါ် ချစ်ခင်ကြင်နာမှု တာဝန်ယူမှု မြတ်နိုးတွယ်တာမှု ပထမနေရာကနေစဉ်းစားပေးမှုတွေအပေါ်သာမူတည်နေတာပါ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ငွေတွေရှာနိုင်တိုင်း နာမည်ကြီးကျော်ကြားတိုင်း မိသားစုထဲမှာ တန်ဖိုးအရှိဆုံးလို့ခံယူလိုက်လို့မရပါဘူး။ ကိုယ်တိုင်လည်း ဒီလိုဆင်ခြင်ပါတယ်။ Working mom မို့ ငွေရှာနေတာပဲဆိုပြီး…




