မေမေက မီးမီးကိုသိပ်ချစ်တာပဲ
မေမေကမီးမီးကို အရမ်းချစ်တာပဲဆိုတာ မီးမီးသိတယ်။ နေ့တိုင်းစကားတွေအများကြီးပြောတတ်တဲ့မီးမီးကို ဘယ်တော့မှစိတ်ရှုပ်ဟန်မပြပဲ ပြုံးပြုံးလေးမီးမီးကိုကြည့်ပြီး မီးမီးပြောသမျှ နားထောင်တယ်။ မေမေက မီးမီးဘာမေးမေး စိတ်ရှည်လက်ရှည်လည်း ရှင်းပြတတ်သေးတယ်။ တစ်ခါတစ်လေ မေမေကရီစရာတွေပြောပြတယ်။ တစ်ခါတစ်လေ မီးမီးပြောပြတာမရီရပေမဲ့လည်း မေမေကအသံအကျယ်ကြီးအော်ရီတဲ့အခါ မီးမီးတို့တူတူရီကြပြန်တယ်။ မေမေက မီးမီးနဲ့တူတူ မီးမီးမလုပ်တတ်တာတွေဆို တူတူလုပ်ပေးတယ်။ ပြီးတော့ မီးမီးက “မီးမီးနဲ့မေမေနဲ့တူတူလုပ်ကြတယ်နော်” လို့ပြောတဲ့အခါ မေမေက မီးမီးကအရမ်းတော်တာကိုးလို့ ချီးကျူးတတ်ပြန်တယ်။ မေ့မေ့အင်္ကျီတွေကို…