ကျွန်မချစ်တဲ့ယောကျာ်းကို ဒီမိန်းမငယ်လေးဆီ အပိုင်ပေးလိုက်တယ်

ကျွန်မတို့ အရမ်းချစ်ရတဲ့ယောကျာ်းကို တစ်ချိန်မှာတော့ မိန်းမငယ်လေးတစ်ယောက်ဆီ ကြည်ကြည်နူးနူးနဲ့ အပိုင်ပေးလိုက်ရတဲ့ အခိုက်အတန့်ရှိတယ်။ ဒီ မိန်းမငယ်လေးဟာ ကျွန်မယောကျာ်းနားကျွန်မကပ်ရင် ကျွန်မကိုအော်တယ်။ ကျွန်မယောကျာ်း ကျွန်မကိုဖက်ထားရင် မျက်နှာကိုဆူပုတ်ပြီး နောက်ကနေကြည့်နေတယ်။ ဒီအခါ ကျွန်မယောကျာ်းဟာ ကျွန်မကို သူ့ရင်ခွင်ထဲကတွန်းထုတ် မိန်းမငယ်လေးကိုပြေးပွေ့လေရဲ့။ အဲဒီ့အခါ ကျွန်မချစ်သူရင်ခွင်ထဲက သူမက ကျွန်မကိုပြောင်ပြလေရဲ့။ ဒါကိုပဲကျွန်မက သဘောကျစွာ ရီမောမိတယ်။ အိပ်ယာဝင်ချိန်တွေဆို အရင်က ကျွန်မချစ်သူရဲ့လက်မောင်းက…

သားသမီးတွေကို တစ်ဘဝလုံးပုံအပ်ပြီး ချစ်ပါ

သူတို့ဟာ သင်ဘယ်လောက်ရုပ်ဆိုးဆိုး မေမေကအရမ်းလှတာပဲ အမြဲပြောနေမဲ့သူတွေပါ သင့်အသံဘယ်လောက်ဆိုးဝါးပါစေ မေမေ့အသံလေးကကောင်းလိုက်တာဆိုပြီး အိပ်ပျော်သွားမဲ့သူတွေပါ ဘယ်သူတွေက ဘယ်လိုပြောပါစေ မေမေမှန်တယ်လို့ လာဖက်ပြီး ပြောတတ်ကြသူတွေပါ သူတို့ဘာလေးပဲစားစား မေမေစားဆိုပြီး ပါးစပ်ထဲအတင်းခွံ့ကျွေးမဲ့သူတွေပါ သူတို့ဟာ သင်ဘယ်လိုဆူပါစေ တန်ပြန်အော်ဟစ်ကြမဲ့သူတွေ မဟုတ်ကြဘူး သူတို့ဟာ နောက်အမေတစ်ယောက်ရလို့ ပစ်သွားကြမဲ့သူတွေမဟုတ်ဘူး သူတို့ဟာ မိဘဖြစ်ပြီး မှန်ရာလုပ်နေတာပဲဆိုပြီး သင့်ကိုထားသွားကြမဲ့သူတွေမဟုတ်ဘူး သင့်ရဲ့လုပ်ရပ်တိုင်းကို မျက်စိဒေါက်ထောက်ဝေဖန်ကြမဲ့သူမဟုတ်ဘူး မိဘတွေ အိမ်ထောင်ဖက်ကဆက်ဆံသလိုမျိုး…

ပြုံး၍သာကျန်ခဲ့ပါမည်

(သားသမီးကိုချစ်တတ်လွန်းသူများဖတ်ဖို့) ကျွန်မ ဘယ်သူတွေနဲ့စကားပြောဖြစ်ပါစေ သမီးလေးအကြောင်း ရောက်လာတဲ့အခါ ကျွန်မရဲ့သမီးအပေါ်ရူးသွပ်မှုတွေဟာ အတိုင်းသားပေါ်လွင်လာတော့တာပဲ။ သမီးလေး (၄)နှစ်ကျော်ပြီ ခုထိ သူမလေးနဲ့တစ်ညတောင်ခွဲမအိပ်ဖူးတာ အပြင်သွားရင် ဘယ်သူနဲ့မှစိတ်ချလက်ချမပေးထားနိုင်ပဲ သမီးနားပဲရှိနေတတ်တာ သမီးနေမကောင်းဖြစ်တိုင်းငိုနေတတ်တာ ဘယ်သွားသွားသမီးလက်ဆွဲခေါ်သွားတာ ကလေးနောက်တစ်ယောက်ထပ်မယူတာ သမီးကိုထားတဲ့ကျောင်း သမီးကိုလုပ်ပေးနေတာတွေ ဒါတွေကိုသိမြင်ကြတဲ့အခါ ကျွန်မကိုစိတ်ပူကြတယ်။ သမီးအပေါ်အရမ်းတွယ်တာလွန်းတဲ့ကျွန်မကို ဒီလောက်မရူးသွပ်စေဖို့ပြောကြတယ်။ တစ်ဖက်ကလည်း ဒီချစ်လွန်းတဲ့စိတ်ကြောင့် သမီးပျက်စီးမှာကိုပူကြတယ်။ ကျွန်မအရာအားလုံးကို နားလည်ခံစားမိပါတယ်။ တကယ်တော့ သမီးအပေါ်ကျွန်မရဲ့ချစ်ခြင်းတွေဟာ…

သမီးကိုအားနာမိတယ်

"သမီးလေးက  ကလေးလေးတစ်ယောက်အရွယ်လေးပါ" လို့ တစ်ခါတစ်ခါ မေ့သွားမိတယ်။ ကိုယ့်ဖက်က ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်လိုမြင်ပြီး ဆူပူမိတာတွေ စိတ်မရှည်မိတာတွေ ငြူစူမိတာတွေ အကြိမ်ကြိမ်ပြုမိတယ်။ ကလေးလေးကတော့ သိပ်သနားဖို့ကောင်းတာပဲ။ သူ့အရွယ်အရဖွံ့ဖြိုးလာတဲ့အရာတွေကို မေမေကနားမလည်ပေးတဲ့အချိန်မှာ သူတစ်ကိုယ်တည်း တိုက်ပွဲဝင်ရရှာတယ်။ တစ်ဖက်ကမေမေကလည်း ဆူပဲဖိဆူနေတယ်။ မေမေမချစ်တော့မှာလဲစိုးရိမ်စိတ်တစ်ဖက် ကိုယ့်စိတ်ခံစားချက်တွေကိုမထိန်းချုပ်တတ်သေးတဲ့အရွယ်မို့ လုပ်ချင်တာကိုလုပ်ပစ်ချင်စိတ်တွေကတစ်ဖက်နဲ့ သမီးလေးတစ်ယောက်တည်း သိပ်သနားဖို့ကောင်းမှာပဲ။ ဒီလိုချိန်မှာ မေမေကသာ မီးမီးကိုနားလည်ပေးပြီး မီးမီးဘာလို့ဒီလိုလုပ်နေရတာလဲဆိုတာကို လက်ခံပြီးဖေးမပေးရင်သိပ်ကောင်းမှာပဲလို့…
အခြေအနေတွေမတူတဲ့အခါ

အခြေအနေတွေမတူတဲ့အခါ

(Story 1) သမီးလေးကိုမွေးတဲ့နေ့ ပထမဆုံးဆေးရုံပေါ်ကညပေါ့။ အမေတစ်ယောက်ဖြစ်တာ တစ်ရက်တောင်မပြည့်သေးတဲ့အခါ မယုံကြည်နိုင်ခြင်းများစွာနဲ့။ ဒါငါ့ကလေးလား။ ဒီကလေးလေးကို ငါကျန်းမာစွာနဲ့မွေးထုတ်နိုင်ခဲ့ပြီလား။ ငါသိပ်ကြောက်ခဲ့တဲ့ ကလေးမွေးရတဲ့အချိန်နာကျင်မှုတွေဟာ တကယ်ပဲပြီးသွားတာလား။ ဒီကလေးလေးက ငါလပေါင်းများစွာမမြင်ဖူးပေမဲ့ သိပ်ကိုချစ်ခင်မြတ်နိုးရတဲ့ကလေးလေး အပြင်လောကကိုတကယ်ထွက်လာခဲ့ပြီလား။ စသဖြင့် ….လားပေါင်းများစွာနဲ့ တစ်ညလုံးမအိပ်ဖြစ်ဘူး။ သမီးကိုနို့တိုက်တာတောင် သမီးမျက်နှာလေးကိုငုံ့ကြည့်နေလို့ ဇက်ကြောတွေတောင်တက်တယ်။ သမီးဆံပင်ကွေးကွေးလေးကိုသပ်ကြည့်လိုက် လက်ကလေးကိုကိုင်ကြည့်လိုက်နဲ့။ ခုမှမြင်ဖူးတဲ့ ကိုယ့်သမီးလေးကိုယ် တစ်ခုချင်းစီ တစိမ့်စိမ့်ကြည့်နေမိတယ်။ တစ်ဖက်ကုတင်မှာတော့…