သမီးလေးရဲ့မေမေ

သမီးလေးရဲ့မေမေ

မနေ့က အလုပ်အပြန် ကားပေါ်မှာတွေးမိတယ်.. ခုချိန် အိမ်ထောင်သာမကျ ကလေးမရသေးရင် ကိုယ့်အလုပ်အကိုင်နဲ့ဆို ငွေကိုရေလိုသုံးနေနိုင်မှာပဲလို့.. ခုတော့ ညနေအလုပ်ပြန်တာနဲ့ ရေခဲသေတ္တာထဲက ကလေးနွားနို့ဘူးဘယ်နှစ်ဘူးကျန်လဲ စိတ်ကူးနဲ့ရေကြည့်ရင်း လကုန် ဒိုက်ပါဝယ်ဖို့လောက်ပဲ ခေါင်းထဲရှိတော့တယ်.. အရင်လို လကုန်ရင် ဘာတွေဝယ်ပစ်မယ် ဘာတွေစားပစ်မယ်ဆိုတာတွေ သူ့အလိုလိုပျောက်ကုန်တာပါပဲ.. အလုပ်လုပ်နေတာကတော့ ဆယ်ကျော်သက်ကတည်းကလုပ်နေတာမို့ ကိုယ့်အတွက် မထူးဆန်းလှဘူး.. ဒါပေမဲ့ တစ်ခါ တစ်ခါကျ လစာတွေအကုန်သုံးတာတောင် ဘာလို့မလောက်လဲဆိုတာစဉ်းစားတိုင်း…
ချစ်တတ်တဲ့စိတ်

ချစ်တတ်တဲ့စိတ်

မနေ့က ကျွန်မဆံပင်တွေသွားကောက်လာတယ်။ ဘယ်တုန်းကမှ ဆံပင်တွေကောက်လေ့မရှိတဲ့ကျွန်မ တုံ့ဆိုင်းနေခြင်း နှမြောခြင်းမရှိပဲ ဆံပင်တွေကောက်ပစ်လိုက်တယ်။ ဒါဟာ ဘာကြောင့်လဲဆို ကျွန်မသမီးလေး ၄နှစ်သမီးက လုပ်ခိုင်းလို့ပါပဲ။ရီစရာလည်းကောင်းမယ် ကလေးစကားများ အရေးတယူနဲ့လို့ဆိုချင်ဆိုမယ်။ ကျွန်မအတွက်တော့ သိပ်ကိုအဓိပ္ပာယ်ရှိတဲ့ mission တစ်ခုပြီးမြောက်သွားသလိုပါပဲ။ သမီးလေးမှာ မွေးဆံပင်ခွေခွေလေးတွေရှိတယ်။ မေမေဆံပင်ကောက်ပါလို့ သူပြောပြောနေတာကြာပြီ။ ဆံပင်ကိုဖြောင့်စက်နဲ့ဆွဲရင်တောင် ဆံပင်ကောက်ပါဆိုပဲ ပြောနေတတ်တယ်။ မနေ့ကတော့ ပိတ်ရက်လည်းဖြစ် သူလေးကိုလည်းကစားကွင်းပို့ပြီး ညနေရောက်မှ မေမေဆံပင်သွားကောက်ဦးမယ်ပြောတဲ့အခါ…

ကလေးအမေတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေဟာ ဘာလဲသိလား?

ကိုယ်အစားချင်ဆုံးဆိုင်မှာ မြိန်ရေယှက်ရေထိုင်စားနေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။ အလှပြင်ဆိုင်မှာ ခေါင်းအေးအေးဆေးလျှော်နေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။ အဝတ်အစားသွားဝယ်ဖို့ဆိုင်တစ်ဆိုင်မှာ စိတ်ကြိုက်ရွေးလိုက် ဝတ်ကြည့်လိုက် လုပ်နေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ အန္တရာယ်ကင်းကင်းနဲ့ ထိုင်ပြီးကစားနေမယ်။ ကိုရီးယားကားလေးကို မုန့်လေးစားရင်း အအေးလေးသောက်ရင်း ကြည့်နေမယ်။ ဒါပေမဲ့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာပဲ…

ချစ်ခြင်းနဲ့တွဲယှက်နေသောအရာများအကြောင်း

ဒီစာကို ခုတင်ထားတဲ့သမီးလေးပုံကိုကြည့်ပြီးရေးလိုက်တယ်။ ပုံထဲမှာ သမီးက ကြည်စင်စွာပြုံးပြနေတယ်။ Christmas party တစ်ခုမှာပေါ့။ မေမေဆင်ပေးထားတာလေးနဲ့ သိပ်ကိုလှနေတယ်။ ဒါပေမဲ့ ဒါပေမဲ့ သူမကိုတစ်ခုချင်းစီမေးပြီး သူမက "Yes" လို့ပြောတာကိုမှ ဝတ်ပေးခွင့်ရခဲ့တာပါ။ သမီးကိုကြည့်ရင်း စိတ်ထဲမှာ တစိမ့်စိမ့်ကျေနပ်ရတယ်။ မနေ့တစ်နေ့က အနှီးလေးနဲ့အူဝဲအော်နေတဲ့ကလေးက ခုချက်ချင်း ဆံနွယ်ခွေလေးတွေနဲ့ အရပ်ရှည်ရှည် ချောမောတဲ့သမီးငယ်လေးဖြစ်လာသလိုပဲ။ သမီးရဲ့ အရာအားလုံးကို ငါ့သမီးလေးဆိုတဲ့အတ္တနဲ့ကြည့်ရတာ သိပ်ချိုမြိန်လွန်းတယ်။…

ချစ်တဲ့စိတ်တွေနဲ့…………

တစ်နေ့ကျရင်ပေါ့ ခုချိန်မှာ ပင်ပန်းလွန်းလို့ ဒီအချိန်တွေလွန်မြောက်ပါစေလို့ ဆုတောင်းနေမိတဲ့ကာလကို ကျွန်မတို့ ပြန်တမ်းတမိလိမ့်မယ် ကလေးတွေကြောင့် အိပ်ရေးပျက်ရတာတွေ အစားစားလို့မဝင်အောင် ပင်ပန်းရတာတွေ ကလေးငယ်လို့လူပင်ပန်းရတာတွေ ကလေးကြီးလာလို့ စိတ်ပင်ပန်းရတာတွေ ကလေးတွေအစားမစားလို့ ထိုင်ငိုခဲ့ရတာတွေ ပြောစကားနားမထောင်တဲ့ကလေးကို အော်ဟစ်ဆူပူခဲ့တာတွေ ရေချိုးဖို့ ဂျီကျငိုယိုနေတဲ့ကလေးကို စိတ်အပျက်ကြီးပျက်မိတာတွေ လိုချင်တဲ့အရုပ်မရလို့ ငိုယိုနေတဲ့ကလေးကို လူကြားထဲထားပစ်ခဲ့ပြီး ထွက်သွားပစ်ချင်ခဲ့တာတွေ တစ်အိမ်လုံးပွနေတဲ့အရုပ်ကို အရုပ်ကြိုးပြတ်ထိုင်သိမ်းခဲ့ရတာတွေ စကားတွေတတ်လာတဲ့ကလေးကို မဆဲဆိုတတ်စေဖို့ အာပေါက်အောင်သင်ပြခဲ့ရတာတွေ…