Please
"Depression" ဆိုတာက စက္ကူရွက်ပေါ်မှင်စက်ကျသလိုပါပဲတဖြည်းဖြည်းပြန့်ပြန့်လာတယ်သူစလာပြီဆိုတာနဲ့ ချက်ချင်း မိုးအုံ့သွားသလိုပေါ့ကိုယ့်ရဲ့ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်းမြင်လို့မရတော့ဘူးအရာရာဟာ အုံ့မှိုင်းမဲမှောင်နေတာပဲငါပဲ ကံဆိုးတာငါမို့လို့ဖြစ်နေတာငါ့ကျမှဖြစ်ရလားကွာဆိုတဲ့ စိတ်တွေနဲ့ ပိုပိုပြန့်လာတဲ့ မှင်ကွက်လိုပဲ အကုန်စွန်းထင်းတော့တာပဲ သိတာပေါ့ အားလုံးခက်ခဲနေတာ မလွယ်ကူတာ ပျော်မနေတာဒါပေမယ့် Depression က အဲ့အသိကြီးကိုပါ နံရံအမည်းကြီးနဲ့ကာချပစ်လိုက်တာဒီတော့ ဘာကိုမှ မမြင်နိုင် မတွေးနိုင်တော့ဘူးအရာရာဟာ negative ဖက်ကချည်း တိုးဝင်လာတော့တာပဲ အဲ့အချိန်ကျရင် ခလုတ်တိုက်တာကအစ သောက်နေတဲ့ကော်ဖီခွက်မှောက်တာအဆုံး ရှိုက်ကြီးတငင်ထိုင်ငိုမိတဲ့အထိဖြစ်လာတော့တာပဲအဲ့အချိန်ကျ…




