ကလေးနဲ့အမေကြား အဖြေရှာစရာများ

ကလေးနဲ့အမေကြား အဖြေရှာစရာများ

ကျွန်မအရင်က သိပ်တော်တဲ့မေမေတွေကိုအားကျဖူးပါတယ်။ငွေတွေအများကြီးရှာနိုင်တဲ့မေမေကလေးအတွက်ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်တတ်တဲ့မေမေလှပကျော့ရှင်းနေတဲ့မေမေ​အမျိုးသားရဲ့အချစ်ခံ ဖူးဖူးမှုတ်ခံရတဲ့မေမေယဉ်ကျေးတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေအစားကျွေးရမခက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေ​သန့်ရှင်းသပ်ရပ်ချောမောနေတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေပြောရရင်မကုန်နိုင်ဘူး ကျွန်မသဘောကျတဲ့မေမေမျိုးတွေမှ အများကြီးပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သမီးလေးနဲ့အတူ အပေးအယူမျှတစွာ တစ်နှစ်ပြီးတစ်နှစ်ဖြတ်ကျော်လာတိုင်း ကျွန်မသိလာရတာတော့ ပြည့်စုံနေတဲ့မေမေဆိုတာမရှိဘူးဆိုတာပါပဲ။ ကျွန်မတို့မိခင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေမတူကြဘူး။ ဘဝတွေမတူကြဘူး။ မိသားစုပုံစံတွေမတူကြဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်ထဲကနေ ကိုယ့်ကိုကိုယ်ညံ့လိုက်တာလို့ ထုတ်ထုတ်တိုင်းနေတဲ့ပေတံဟာ တကယ်တော့ ဘာနံပါတ်အမှတ်အသားမှမပါတဲ့ တုတ်ချောင်းသပ်သပ်ရယ်သာပါ။  ကျွန်မတို့တကယ်တိုင်းတာရမှာက ဒီနေ့မှာရှိတဲ့ကျွန်မတို့နဲ့ မနက်ဖြန်မှာရှိမယ့်ကျွန်မတို့ပါပဲ။ ငါမှားနေတာတွေဆက်မှားတုန်းလား? ငါပြင်ရမှာတွေမပြင်သေးဘူးလား? ကလေးကိုစိတ်ရှည်ဖို့ငါအော်တာတွေလျှော့နိုင်ပြီလား? ထစ်ခနဲရှိရိုက်တတ်တဲ့ ငါ့အကျင့်ဆိုးကို စပြင်နေပြီလား? မနေ့ကအချိန်မပေးမိလို့ ဒီနေ့ကလေးလေးနဲ့အချိန်တွေအများကြီးရှိဖို့…
တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

ကျွန်မရဲ့တစ်နှစ်ကျော်သားလေးကို လှမ်းကြည့်တိုင်း ကျွန်မရင်ထဲမှာ ပကတိငြိမ်းချမ်းမှုကိုရတယ်။ ဆံပင်ခွေလိပ်လေးရယ် ပါးဖောင်းဖောင်း မေးစေ့ချွန်ချွန်လေးနဲ့ မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ဒီကလေးလေးဟာ သိပ်ဖြူစင်တာပဲ။ တစ်နေ့ကျရင်လည်း အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ ကောင်ချောလေးတစ်ယောက်ဖြစ်လာမှာလဲ အသေအချာပဲလေ။ သားရဲ့ချစ်စရာကောင်းမှု ဖြူစင်မှုလေးတွေကို သားလေးကြီးတဲ့အထိဆက်ရှိနေစေချင်တယ်။ အမေကိုချစ်သလို ညှာတာသလို စိတ်သဘောထားကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ အပေါင်းအသင်းအပေါ်ကိုလည်း ခုလိုပဲ ညှာတာပြီး ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ လူကြီးတွေကိုလည်း အမြဲပြုံးပြနှုတ်ဆက် ယဉ်ကျေးဖော်ရွေတဲ့ကောင်လေးတစ်ယောာက်အဖြစ် ကြီးပြင်းလာစေချင်တယ်။ သားလေးရဲ့ ခုအရွယ်က…
မိသားစုရဲ့အနှစ်သာရ

မိသားစုရဲ့အနှစ်သာရ

ကလေးနှစ်ယောက်ရဲ့မိခင်ဘဝ ပြီးတော့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ဘဝကို မလိုချင်တော့တဲ့အချိန်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ ငါဆက်မလုပ်နိုင်တော့ဘူး တအားပင်ပန်းနေပြီ ငါပိုပြီးတော့ကောင်းအောင်မလုပ်နိုင်တော့ဘူးဆိုရင် လွှတ်ချလိုက်တော့မယ်လို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပါတယ်။ ဒီစာကိုတော့ အိပ်ပျော်နေတဲ့ သားအဖ ၃ ယောက်ကိုထိုင်ကြည့်ပြီးရေးလိုက်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတဲ့ သားလေးရယ် သမီးလေးရယ် ယောကျာ်းရယ်ကိုကြည့်ပြီး စိတ်ထဲမှာ တင်္ဒဂအေးချမ်းရပါတယ်။ ဆိုးအတူကောင်းအတူ ကျော်ဖြတ်ပေးနေတဲ့ ရဲဖော်ရဲဖက်တွေ ဒီတစ်နေ့စာပျော်ရွှင်စွာကုန်ဆုံးပေးပြီး အိပ်မောကျနေကြပြီပေါ့။ တာဝန်ကျေပါတယ်လို့ စိတ်ထဲကနေ ရေရွတ်ရင်းပြုံးမိတယ်။ တအားတွေအလိုက်သိပြီးတော်နေတဲ့ကလေးတွေလည်းမမျှော်လင့်ခဲ့ပါဘူး။…

သောကြာညအတွေးစ

ခုတစ်လော ကျွန်မခဏခဏတွေးနေမိတယ်။ ပုံမှန်ဆို ကျွန်မက အင်မတန်ရှက်တတ်သောသူလေ။အရာရာကိုရှက်တာ။ သူများက ကိုယ့်ကိုဘယ်လိုမြင်မလဲဆိုတာလည်းတွေးရှက်တယ်။ လူကြားထဲ တစ်ယောက်တည်းမသွားရဲအောင်ထိရှက်တာ။ ခုတလောကျွန်မတွေးနေမိတာကတော့ ဘာကရှက်စရာအကောင်းဆုံးလဲဆိုတာပါပဲ။ အဲ့အတွေးစကနေ အဖြေရပြီးကတည်းက ကျွန်မအရင်ကထက်အရှက်တရားတွေလျော့လာတော့တာပါပဲ။ ကိုယ့်ရဲ့စိတ်ကို ကိုယ်ပြန်ဖတ်မိပြီး ကိုယ့်ရဲ့သူရဲဘောကြောင်မှုတွေ ကိုယ့်ရဲ့ဟန်ဆောင်မှုတွေ ကိုယ့်ရဲ့မျက်နှာဖုံးတွေ ကိုယ့်ရဲ့မနာလိုဝန်တိုမှုတွေ ကိုယ့်ရဲ့သူများအပေါ်မကောင်းမြင်တဲ့စိတ်တွေ အဲဒီ့စိတ်တွေ ခံစားမိတာကသာ ရှက်စရာအကောင်းဆုံးဆိုတာသိလာရတယ်။ လူတော်တော်များများက အဲ့စိတ်တွေရှိတာကိုသိပေမယ့် သူတို့ကိုယ်သူတို့ ဆက်ခွင့်လွှတ်ဖို့ရွေးချယ်ကြတယ်။ လူအများစုက အဲ့စိတ်ကို…