ခေါင်းစဉ်မတပ်ခြင်းအနုပညာ

ခေါင်းစဉ်မတပ်ခြင်းအနုပညာ

မေမေတွေရေ အရာအားလုံးကို အနစ်နာခံဖို့ပဲ အမြဲမတွေးပါနဲ့။ အဆုံးသတ်ကျ ထွက်လာတဲ့အဖြေဟာ ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါနာကျင်ရတာ ကိုယ်ပဲဖြစ်နေမှာမို့လို့ပါပဲ။ ဘယ်သူ့ကြောင့် ငါ့မှာတော့ ဘယ်လိုနေပေးခဲ့ရတာ ဘာတွေစွန့်လွှတ်ပေးရတာလို့ထုတ်ပြောဖြစ်ရင်တောင် စကားအဖြစ်နဲ့ လေထဲမှာပဲပျောက်ဆုံးကုန်မှာ ကိုယ်တွေတစ်ချိန်က သိပ်အနစ်နာခံမှုတွေပါပဲ။ တန်ပါရဲ့လားနော်။ ဒါကြောင့် ကိုယ်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတစ်ခုဟာ ကိုယ့်ဘာသာဆုံးဖြတ်တာပဲ ဖြစ်နေပါစေ။ ဘယ်သူဘာအတွက် ဘယ်သူတော့ပိုအဆင်ပြေပါစေလို့ ဘယ်တော့မှ အသွားအပြန်မသေချာတဲ့ရလဒ်တစ်ခုအပေါ်မူတည်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီလဖိနပ်မဝယ်ဖြစ်တာ ကိုယ်တကယ်မလိုအပ်သေးလို့ပဲဖြစ်ပါစေ။ ငါ့ယောကျာ်းမျက်မှန်ဝယ်ဖို့ ငါဖိနပ်မဝယ်သေးပါဘူးမဖြစ်ပါစေနဲ့။…
အသဲကွဲလို့ရေးတဲ့စာ

အသဲကွဲလို့ရေးတဲ့စာ

မနေ့ညကသမီးငယ်ကမေးတယ်။ မေမေ မီးမီးကိုမဆူဘူးလား တဲ့။ ဟင် ဘာလို့ဆူရမှာလဲကလေးရယ် မီးမီးက ဒီလောက်လိမ္မာတာလို့။ ဒါပေမဲ့ သမီးလေးဘာလို့ဒီလိုမေးတယ်ဆိုတာ ကိုယ်ရင်ထဲကနေသိနေတယ်။ ကိုယ် ကျဉ်ခနဲနာကျင်ရတယ်။ ကိုယ့်အသဲဟာ ကွဲရှသွားတယ်။ တောင်းပန်ပါတယ်ကလေးရယ်။ စိတ်ရှုပ်မှုတွေကြားထဲကနေ တအားစိတ်ညစ်တဲ့အခါ လွတ်ထွက်သွားမိတဲ့စကားတွေဟာ သမီးကိုဆူမိတာတွေဖြစ်ခဲ့လို့။ မေမေ့စိတ်တွေကြည်လင်နေတဲ့အချိန်ဆို တော်ရုံသမီးအပြုအမူတွေကို ထိုင်ရီနေတဲ့မေမေဟာ စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာတော့ သမီးကိုဆူတတ်တဲ့မေမေဖြစ်ခဲ့ပြီ။ အသားမကျပါရစေနဲ့။ ဒီလိုစိတ်တိုရင် ဆူတတ်နေတဲ့အမေတစ်ယောက်အဖြစ်နဲ့ မေမေအသားမကျသွားပါရစေနဲ့။ သမီးကလည်း…
သမီးလေးတွေဆိုတာ

သမီးလေးတွေဆိုတာ

ကျွန်မတို့ကမ္ဘာလောကကြီးမှာ ချစ်စရာအကောင်းဆုံးအရာတွေကို ပထမဆုံးပေးသိသူတွေ သူတို့က တီတီတာတာဆိုတယ် သူတို့က စိတ်ပူပေးတတ်တယ် သူတို့က ကြင်နာသနားတတ်တယ် တစ်ပြိုင်တည်းမှာပဲ သူတို့က သူတို့ချစ်တဲ့သူတွေကို အပြည့်အဝစောင့်ရှောက်ပေးချင်ပြန်တယ် သူတို့က ကူညီတတ်တယ် သူတို့က တိုးတိုးဖော်လေး သူတို့က မေမေ့ရဲ့ဒီဇိုင်နာအသေးစားလေး သူတို့က ဆင်တူလေးတွေလိုက်လိုက်ဝတ်တတ်သေးတယ် သူတို့က ပျော်စရာတွေကို တူတူရီမောပေးသလို သူတို့က ငိုနေရင်လည်း မျည်ရည်သုတ်ပေးပြီး ဖက်ထားပေးသေးတယ် တကယ်တော့ သမီးလေးတွေက…
ကျွန်မတို့မိခင်တွေ

ကျွန်မတို့မိခင်တွေ

မနေ့ညသန်းခေါင်ယံမှာ လေတွေမိုးတွေကြီးတော့ ကျွန်မကြောက်လိုက်တာ။ ဘေးနားကအိပ်ပျော်နေတဲ့ သမီးလေးကိုလှမ်းကြည့်လိုက်တော့ ကျွန်မ မကြောက်တော့ဘူး။ မိုးခြိမ်းသံတွေကြားမှာ တစ်ချက်တစ်ချက်တုန်သွားတဲ့ သူမလေးရင်ဘတ်ပေါ်ကို ကျွန်မလက်တင်ထားပေးလိုက်တယ်။ အမေလက်ကိုအားရပါးရဖက်တွယ်ပြီး ကျွန်မနားတိုးကပ်လာတယ်။ သူမ မနိုးလာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဆဲပဲ။ အမေရှိတာပဲဆိုတဲ့စိတ်နဲ့ ကျွန်မလက်ကို သူမဖက်တွယ်တဲ့အထိအတွေ့ထဲမှာ သူမလုံခြုံသွားတယ်ဆိုတဲ့ ခံစားချက်ကိုရတယ်။ ကျွန်မက ဘယ်တုန်းက လူသားလေးတစ်ယောက်အတွက် Hero တစ်ယောက်ဖြစ်နေခဲ့ပါလိမ့် သတိမထားမိဘူး။ သူမလေးရဲ့ ကျွန်မအပေါ် အားကိုးမှု…
သမီးလေးရဲ့မေမေ

သမီးလေးရဲ့မေမေ

မနေ့က အလုပ်အပြန် ကားပေါ်မှာတွေးမိတယ်.. ခုချိန် အိမ်ထောင်သာမကျ ကလေးမရသေးရင် ကိုယ့်အလုပ်အကိုင်နဲ့ဆို ငွေကိုရေလိုသုံးနေနိုင်မှာပဲလို့.. ခုတော့ ညနေအလုပ်ပြန်တာနဲ့ ရေခဲသေတ္တာထဲက ကလေးနွားနို့ဘူးဘယ်နှစ်ဘူးကျန်လဲ စိတ်ကူးနဲ့ရေကြည့်ရင်း လကုန် ဒိုက်ပါဝယ်ဖို့လောက်ပဲ ခေါင်းထဲရှိတော့တယ်.. အရင်လို လကုန်ရင် ဘာတွေဝယ်ပစ်မယ် ဘာတွေစားပစ်မယ်ဆိုတာတွေ သူ့အလိုလိုပျောက်ကုန်တာပါပဲ.. အလုပ်လုပ်နေတာကတော့ ဆယ်ကျော်သက်ကတည်းကလုပ်နေတာမို့ ကိုယ့်အတွက် မထူးဆန်းလှဘူး.. ဒါပေမဲ့ တစ်ခါ တစ်ခါကျ လစာတွေအကုန်သုံးတာတောင် ဘာလို့မလောက်လဲဆိုတာစဉ်းစားတိုင်း…