All about pumping

All about pumping

အလုပ်တစ်ဖက်နဲ့ မိခင်နို့ပဲတိုက်မယ် နို့ထွက်များအောင်ဘယ်လိုလုပ်ရမလဲ ဂျူးအလုပ်မဝင်ခင်က သားသားအတွက် pumping လုပ်တာ နို့ထွက်နည်းလို့ Post တင်ဖူးတာမှတ်မိမှာပေါ့။ ခုတော့ အလုပ်ဝင်တာ သုံးပတ်ပြည့်ခဲ့ပြီ။ weekend ၃ ခုလုံးမှာ ပိုနေတဲ့နို့တွေ သားလေးကို Milk bath ပါလုပ်ပေးနိုင်ခဲ့တဲ့ထိ အဆင်ပြေခဲ့ပါပြီ။ ခုဒီအပတ်မှာတော့ ဒီ weekend အတွက်မလိုတဲ့အတွက် freeze သိမ်းထားတဲ့အထိ နို့ကလုံလောက်တာထက် ပိုလျှံလာပါပြီ။…
About this blog

About this blog

My Goals 2016ကတည်းက စာတွေ စရေးပါတယ်။ မိခင်ဘဝမှာ ကြုံရတဲ့ challenges တွေ မိခင်တွေရဲ့ အခက်အခဲတွေကို နားလည်ဝေမျှနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်မိပါတယ်။ ကလေးလေးတွေရဲ့ သဘာဝကိုနားလည်အောင် ဆိုးတဲ့ကလေးဆိုတာမရှိပဲ ကျွန်မတို့ကနားမလည်နိုင်သေးတာပဲရှိတယ်ဆိုတာကိုလည်း ကောင်းမွန်စွာရှင်းပြနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ မှန်ကန်တဲ့ source တွေ အထောက်အထားတွေကို မှီငြမ်းပြီးမှ မေမေတွေကိုမျှဝေပေးသူ ဖြစ်ချင်ပါတယ်။ ဝေမျှပေးတဲ့စာတစ်လုံးစီကအစ အဆိပ်အတောက်ကင်း​စေဖို့ကို အမြဲကြိုးစားပါတယ်။ Objectives ကျွန်မ…

The Starting Point

As my daughter grows older, the more I realize that to be able to love your child unconditionally, you first needed to have been loved unconditionally in your own childhood.…

စမှတ်

ကိုယ့်ကလေးကိုယ် အကြွင်းမဲ့ချစ်နိုင်ဖို့ဆိုတာ ကိုယ်တိုင်က ကလေးဘ၀မှာ အရင်အချစ်ခံခဲ့ဖို့လိုပါလားဆိုတာ မီးငယ်ကြီးလာလေ ကိုယ်ပိုသဘောပေါက်လာလေပါပဲ။ ကလေးရယ် အမေရယ် နူးနူးညံ့ညံ့အချစ်မျိုး ….. ရုပ်ရှင်တွေကြည့်ရုံ စာတွေဖတ်ရုံ သူများပြောတာနားထောင်ရုံနဲ့ လိုက်လုပ်နိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူလှပါဘူး။ ကျွန်မတို့ဘ၀မှာ မိဘတွေကို တစ်ခါပဲ တစ်ကြိမ်ပဲ တစ်ဦးထဲကိုပဲရခွင့်ရှိတယ်။ ကျွန်မတို့မိဘတွေရဲ့ ကျွန်မတို့အပေါ်မှာ တစ်ဘ၀လုံးဆက်ဆံပုံတွေက ကျွန်မတို့မသိစိတ်ကနေ ရင်းနှီးပြီးဖြစ်နေတယ်။ ကျွန်မတို့ ဆက်ဆံခံရတာတွေက မထူးဆန်းတဲ့ ကြုံဖူးနေကြဆက်ဆံရေးတွေဖြစ်လာပြီး…

Team Work

ဒီအတွေးလေးက တစ်နေ့က ကလေးတို့အဖေကို ပြောမိတဲ့စကားကနေ စပ်ဆက်မိရင်း စာလေးချရေးဖြစ်တာပါ။ သူနဲ့ကိုယ်ဟာ အပြန်အလှန်မှီခိုနေရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်မတူတဲ့အတွက် တစ်ယောက်ကိုတစ်ယောက်ဖြည့်ရပါတယ်။ နှစ်ယောက်ပေါင်းမှ အရာရာဟာ အဆင်ပြေချောမွေ့တာပါ။ ဒီလိုတွေးမိတော့ လူတွေပြောနေကျ နင့်ယောကျာ်းက ငွေရှာကောင်းလိုက်တာ နင့်မိန်းမကထက်တာကိုး ငွေရှာတော်တယ်ဆိုတဲ့စကားတွေက ရာနှုန်းပြည့်မှန်မနေပါလား သွားတွေးမိပါတယ်။ ကျွန်မက full time အလုပ်ဝင်ရသူပါ။ လုပ်ငန်းခွင်မှာ ပြောင်မြောက်စွာ စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ…
သားကလေး

သားကလေး

သမီးလေး ၆နှစ်ခွဲမှာ ဒုတိယကိုယ်ဝန်ရခဲ့တော့ ကျွန်မသိပ်စိတ်ညစ်ခဲ့တာ။ ကျွန်မငိုပါ ငိုခဲ့ရတယ်။ ဘဝမှာ သမီးကိုပဲ တစ်ဘဝလုံးပုံပြီး ချစ်မယ် သမီးနဲ့ပဲလုပ်ချင်တာတွေအများကြီး မလုပ်ရသေးခင်မှာပဲ ကိုယ်ဝန်ထပ်ရှိခဲ့တယ်ဆိုပြီး ကျွန်မစိတ်ဓာတ်တွေတောင် ကျသွားမိသေးတယ်။ ပြန်တွေးကြည့်ရင် အဲ့အချိန်တုန်းက သမီးကလည် အမှီအခိုကင်းတဲ့အရွယ်ဖြစ်တဲ့အတွက် ကလေးအမေဘဝကနေ လွတ်ကာစလို့ပြောလို့ရတာပေါ့။ လှလှပပ ကြွကြွရွရွလေး ပြန်နေလို့ရတယ်။ ကိုရီးယားကားတွေလည်း အများကြီး အကြိုက်ကြည့်လို့ရတယ်။ စားချင်တာစား အပြင်တွေလည်း လျှောက်သွားလို့ရတယ်လေ။…
ကလေးအမေပါ ဒါပေမယ့်…

ကလေးအမေပါ ဒါပေမယ့်…

သားကလေးကိုမမွေးခင်က အရာရာဘာလိုလို အိမ်ကသူတွေ သူငယ်ချင်းတွေကို ကြုံရင်ဝယ်ပေးပါ အမှာပါးတယ်။ ဒါမှမဟုတ် ကလေးအဖေကိုပဲ ဟိုဟာသွားဝယ်ပေး ဒီဟာသွားဝယ်ပေးလုပ်တယ်။ သမီးလေးက ၆နှစ်ကျော်လာတော့ ကိုယ်အေးအေးဆေးဆေးနေလာနိုင်ပြီလေ။ ဒီတော့ ကိုယ့်ဘာသာ နားနားနေနေ အေးဆေးနေရတာကိုပိုကြိုက်လာတယ်။ ဒါပေမယ့် သားကလေးကိုမွေးပြီးတော့ ကိုယ့်ရဲ့အချိန်အတော်များများဟာ သားကလေးကိုနို့တိုက် ရှူးပေါက်အီးပါလဲ ချော့သိပ် ကိုယ်ပါလိုက်အိပ်ထဲ တဝဲလည်လည်ဖြစ်နေတော့တယ်။ တစ်ခုခုလိုလို့ အိမ်နားက Mall မှာသွားဝယ်ချင်ရင်တောင် နင်နားပါဆိုပြီး…